BEC-TERO TV

နုပျိုစေမည့် အစားအစာများ

17 Aug 2015     1,299 Views


ဟင်းနုနယ်ရွက်

 

ဟင်းနုနယ်မှာသံဓာတ်တွေအများကြီးပါတဲ့အတွက် မိန်းကလေးတွေအနေနဲ့စားသုံးသင့်သော အရွက်ထဲမှာ ပါဝင်ပါတယ်။ ဟင်းနုနယ်ရွက်ဟာ မျက်စိအားကောင်းစေပြီး ကိုယ်တွင်းစနစ်ကိုလည်း သန့်စင်ပေးပါတယ်။ ဟင်းနုနယ်ရွက်ဟာ ခန္ဓာကိုယ်ထဲကိုရောက်တဲ့ အခါ Vitamin A အဖြစ်သို့ပြောင်းလဲသွားပြီး အစာချေစနစ် ကိုလည်း အထောက်အပံ့ ပေးပါတယ်။

ပဲအမျိုးမျိုး

 

ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်မပြည့်ဝတဲ့အခါ အားအင်ကုန်ခမ်းပြီး ချိနဲ့လာတတ်ပါတယ်။ ပဲတွေမှာပါတဲ့ Proteinဓာတ်က ကြွက်သားတွေကိုအားဖြည့်ပေးတာကြောင့် ကြွက်သားအားနည်းတဲ့သူတွေ ပဲဟင်း/ ပဲအမျိုးမျိုး ကိုစားသုံးပေးရပါမယ်။ ပဲပိစပ်ဟာလည်း အမျိုးသမီးတွေစားသုံးဖို့အထူးသင့်တော်ပါတယ်။ ပဲပိစပ်တစ်ခွက်က ကြက်သား ၄အောင်စနဲ့ညီမျှပါတယ်။ ဒါကြောင့် သပ်သပ်လွတ်စားသုံးပါက ပဲပိစပ်စားပြီး ပရိုတင်းဓာတ်ရယူနိုင်ပါတယ်။ 

ကြက်သား

 

ကြက်သားစားသုံးခြင်းဖြင့် နုပျိုတက်ကြွနေစေနိုင်ပါတယ်။ မိမိတို့နေ့တိုင်းစားသုံးတဲ့ဟင်းလျာတွေထဲမှာ ကြက်သားကအမြဲလိုလိုပါဝင်နေတတ်ပါတယ်။ သို့သော်လည်း ကြက်သားစားသုံးခြင်းကို မငြီးငွေ့ပါနဲ့။ ကြက်သားမှာ ငယ်ရွယ်နုပျိုစေတဲ့  Collgenဓာတ်ကို တိုးမြင့်ပေးနိုင်တဲ့ သွပ်ဓာတ်နဲ့ ဆီလီနီယံဓာတ် တွေပါဝင်နေလို့ပါပဲ။ အိုမင်းရင့်ရော်မှုကို မြန်ဆန်စေတဲ့ Free-radicals ကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ အသားအရေကိုလည်း တင်းရင်းစေတာကြောင့် ကြက်သားကို ခဏခဏစားပေးခြင်းက ခန္ဓာကိုယ်အတွက် အကျိုးရှိစေပါတယ်။ သို့သော်လည်း ကြက်သားစားတဲ့အခါမှာ အဆီများတဲ့နေရာဖြစ်တဲ့ အရေခွံစသည်တို့ကို တော့ ရှောင်ကြဉ်ပေးရပါမယ်။ 

ကန်စွန်းဥ

 

အရေပြားတင်းရင်းစေဖို့အတွက် ကန်စွန်းဥစားပေးရပါမယ်။ ကန်စွန်းဥမှာ Vitamin A ပါဝင်ရုံသာမက Collgen ကိုတိုးမြှင့်ပေးတဲ့ သွပ်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါကြောင့် အရေပြားလျော့တွဲတာ၊ တွဲကျတာတွေဖြစ်နေပါက ကန်စွန်းဥကိုစားပေးပါ။ အသားအရေပြန်လည်တင်းရင်းကာ လှပလာပါလိမ့်မယ်။

အထက်ပါအစားအစာများကို နေ့စဉ်တစ်မျိုးမဟုတ် တစ်မျိုးထည့်သွင်း စားသုံးပေးပါက အသားအရေလှပစေမှာ အမှန်ပဲဖြစ်ပါတယ်။ 


17 Aug 2015     1,299 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style