BEC-TERO TV

သမီးနှင့် အိမ်ထောင်ရှိသူအမျိုးသားတို့ ဖောက်ပြန်သည်ဟု စွပ်စွဲပြီး ဖခင်ဖြစ်သူက ဓါးနဲ့ခုတ်သတ်

19 Feb 2019     1,304 Views


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ ၆နာရီအချိန်ခန့်တွင် သမီးဖြစ်သူနဲ့ ဖောက်ပြန်သည်ဟု စွပ်စွဲကာ အိမ်ထောင်ရှိအမျိုးသားတစ်ဦးအား ဖခင်ဖြစ်သူမှ ဓါးဖြင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း နောပိန်နယ်မြေရဲစခန်းမှ သိရှိရသည်။
 
ဖြစ်စဉ်မှာ နောင်ပိန်နယ်မြေရဲအပိုင်၊ ခေးနင်းကျေးရွာအုပ်စု၊ ကုန်းကော်ကျေးရွာတွင် "ဦးစိုင်းချစ်မောင် (ခ)ဦးစိုင်းအွမ်" မှ သမီးဖြစ်သူ မ▪▪▪▪ (အသက်၂၃နှစ်)သည် နားအိုက်ခမ်းကျေးရွာအုပ်စု၊ ခိုက်တုန်ဟုန်းကျေးရွာနေသူ အသက် ၄၉ နှစ်အရွယ် အိမ်ထောင်ရှိသူ “အောင်ဆွေ" နှင့် လူမှုရေးဖောက်ပြန်နေကြောင်း သံသယရှိနေခဲ့သည်။
 
အခင်းဖြစ်ပွားမည့်နေ့က "ဦးစိုင်းချစ်မောင် (ခ)ဦးစိုင်းအွမ်" ၏ နေအိမ်အောက်ထပ်အခန်းတွင် သားဖြစ်သူ “စိုင်းလှထွန်း" (အသက် ၁၅နှစ်) က "အောင်ဆွေ" အားတွေ့ရှိခဲ့ပြီး အစ်မဖြစ်သူအား "အောင်ဆွေ" က ဝှက်ထားသည်ဟု စွပ်စွဲသဖြင့် အချင်းများကြစဉ် "အောင်ဆွေ" က ပြန်လည်ရန်ပြုသဖြင့် ဖခင်ဖြစ်သူ ဦးစိုင်းချစ်မောင် (ခ)ဦးစိုင်းအွမ်" က "အောင်ဆွေ" အား ဓါးကောက်ဖြင့်ခုတ်ခဲ့ပြီး ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း သိရှိရသည်။
 
"အောင်ဆွေ" ၏ အလောင်းကို "ဦးစိုင်းချစ်မောင် (ခ)ဦးစိုင်းအွမ်" ၏ နေအိမ် ခြံဝင်းပေါက်အနီးတွင် ပက်လက်အနေအထားဖြင့် ဝဲဒူး ခေါင်းထောင်လျက် ၎င်း၏ ဝဲဘက်ဘေးတွင် ခလုတ်ဖုန်းအနက်ရောင်(၁)လုံး ခြေရင်းတွင် Maldina အမျိုးအစားယာဖိနပ်(၁)ဖက် တို့နှင့်အတူ သေဆုံးလျက်တွေ့ရှိရပြီး မျက်နှာပြင်တွင် သွေးများပေကျံကာ ဦးခေါင်းနောက်စေ့ပြက်ရှဒဏ်ရာ(၂)ချက်၊ ယာဂျိုဇောင်းပြက်ရှ ဒဏ်ရာ(၂)ချက်၊ ယာလက်ကောက်ဝတ်ပြက်လျက် ကျောအောက်တွင် တွေ့ရှိကြောင်း" သိရှိရသည်။
 
 
ပြစ်မှုကျူးလွန်သူ "စိုင်းချစ်မောင်(ခ) ဦးစိုင်းအွမ်" ၏ နေအိမ်အောက်ထပ် အခန်းအတွင်း သွေးများအိုင်လျက် အဆိုပါအခန်းနှင့် ကပ်လျှက်အိပ်ခန်းဝင်ပေါက်အနီး အရိုး(၉)လက်မ(ဝါးရိုးဖြင့်လုပ်ထား)၊ အသွား(၁၁)လက်မ၊ အရိုးအသွား(၂၀)လက်မရှိ ဓါးကောက်(၁)ချောင်းအား သွေးများပေကျံလျက်တွေ့ရှိရပြီး အခင်းဖြစ်ပွားရာအခန်းနှင့် ခြံစည်းရိုးဝင်ပေါက်အနီး ပေ(၃၀)ခန့်အကွာတွင် သွေးစက်များပေကျံလျက်ရှိသည်ကို တွေ့ရသဖြင့် သေဆုံးသူ အောင်ဆွေ၏ အလောင်းအား နေရာရွှေ့ထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
 
ဖြစ်စဉ်နှင့်ပတ်သတ်၍ သေဆုံးသူ အောင်ဆွေ ၏ ဇနီးဖြစ်သူ မနန်းကြည်ကြည်ဝင်း အသက် ၃၈နှစ်၊ ခိုက်တုန်ဟုန်းကျေးရွာနေသူမှ ခင်ပွန်းဖြစ်သူအား သေစေသည်အထိ ဓါးကောက်ဖြင့် ခုတ်သတ်၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့သူ ဦးစိုင်းချစ်မောင်(ခ)ဦးစိုင်းအွမ် (အသက် ၃၇ နှစ်) အား အရေးယူပေးရန် တိုင်တန်းချက်အရ နောင်ပိန်နယ်မြေရဲစခန်းမှ (ပ)၉/၂၀၁၉၊ ရာဇာသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။
 
သတင်းရင်းမြစ် - မုနိမြီ

19 Feb 2019     1,304 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS