BEC-TERO TV

ကမ္ဘာ့ပထမဦးဆုံး MasterChef စားသောက်ဆိုင် ဒူဘိုင်းတွင် ဖွင့်မည်

19 Feb 2019     1,440 Views


နိုင်ငံတကာမှာ အောင်မြင်နေတဲ့ ရုပ်သံအစီစဉ်တစ်ခုဖြစ်သည့် MasterChef အစီစဉ်မှ အနိုင်ရသွားသော ကမ္ဘာအရပ်ရပ်မှ ပြိုင်ပွဲဝင်များ ကိုယ်တိုင်ချက်ပြုတ်ခဲ့သော အစားအစာများကို ရောင်းချမည့် Master Chef စားသောက်ဆိုင်ကို လာမည့် ဧပြီလတွင် ဒူဘိုင်းတွင် ကမ္ဘာ့ပထမဆုံး Master Chef  စားသောက်ဆိုင်အဖြစ် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။
 
ဒူဘိုင်းရှိ Millennium Place Marina တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အစားအသောက် မီနူးကို ဗင်နီဇွဲလားလူမျိုး စားဖိုမှူးကြီး Maria “Margarita” Vaamonde Beggs က ဦးဆောင် စီစဉ်သွားမည်ဖြစ်ပြီး ကမ္ဘာအရပ်ရပ်က Master Chief ပြိုင်ပွဲများတွင် အနိုင်ရခဲ့သူများရဲ့ မူရင်းလက်ရာ ဟင်းလျာများကို စားသုံးသူများနဲ့ မိတ်ဆက် ရောင်းချပေးသွားမှာဖြစ်ပါတယ်။
 
စားသောက်ဆိုင်ရဲ့ အပြင်အဆင်ကို ရုပ်သံအစီစဉ်ထဲက MasterChef Kitchen အတိုင်း ပြင်ဆင်ထားမှာဖြစ်ပြီး စားသုံးသူ ၁၈၀ ကို တစ်ပြိုင်တည်း တည်ခင်းကျွေးမွေးနိုင်ပါတယ်။ နိုင်ငံပေါင်း ၅၂ နိုင်ငံကျော်မှာ စီစဉ်တင်ဆက်နေပြီး ပါဝင်ယှဉ်ပြိုင်ကြသူတွေရဲ့ ဟင်းချက်နည်းတွေနဲ့ ပြင်ဆင်ချက်ပြုတ်မှာဖြစ်ကြောင်း သိရှိရပါတယ်။
 
“MasterChef မှာ လာရောက်စားသောက်ရတာ ရုပ်သံအစီစဉ်ထဲကလို ရင်ခုန်စရာခံစားမှုတွေ ရနိုင်ပါလိမ့်မယ်” ဟု The First Group ရဲ့ ကမ္ဘာလုံးဆိုင်ရာ အစားသောက်နဲ့ အဖျော်ယမကာ ဒါရိုက်တာ Duncan Fraser-Smith က ပြောဆိုခဲ့ပါတယ်။
 
ယခုလို MasterChef စားသောက်ဆိုင်ဖွင့်ဖို့ အကြံစည်ကိုတော့ ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေလုပ်ငန်းစုက ရရှိခဲ့ပြီး MasterChef အစီစဉ်တွေကို ထုတ်လွှင့်တင်ဆက်နေတဲ့ Endemol Shine Group နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။
 
ဒီအစီစဉ်မှာ နိုင်ငံတကာက MasterChef Winner တွေ ပါဝင်ချက်ပြုတ်ခွင့်ရမယ်ဆိုရင်တော့ MasterChef Myanmar ရဲ့ Winner မတင်တင်ဦး တစ်ယောက် ပါဝင်လမ်းစွမ်းပြပြီး မြန်မာ့အစားအစာ ကမ္ဘာကသိအောင် ဖော်ထုတ်နိုင်ကောင်းရဲ့လို့ မျှော်လင့်မိပါတယ်။

19 Feb 2019     1,440 Views




RELATED

Most Popular of International News

Most Popular of NEWS