BEC-TERO TV

ပျိုမေတို့ ခရီးသွားစဉ် ဆောင်ရန်/ရှောင်ရန်အချက်များ

17 Aug 2015     1,354 Views


မိန်းကလေးတွေဆိုတော့ ခရီးသွားရင် ပထမဆုံးကိုယ့်ကိုယ်ကိုယုံကြည်မှုနဲ့ လုံခြုံစိတ်ချမှုကို လိုအပ်ပါတယ်။ အ၀တ်အစား၊ အပြင်အဆင်တွေကို လုံလုံခြုံခြုံရှိအောင် ၀တ်ခြင်းက မိမိအတွက် ပိုမိုလုံခြုံမှု ရှိစေနိုင်ပါတယ်။ နောက်ထပ်ခရီးသွားစဉ် ဘာတွေလိုအပ်လဲဆိုတော့-

သက်တောင့်သက်သာရှိစေမဲ့ဖိနပ်စီးသွားပါ။ ရုတ်တရက်ချွတ်ရခက်တဲ့ ကြိုးသိုင်းဖိနပ်တွေ၊ ဒေါက်ဖိနပ်တွေနဲ့ ကွင်းစွပ်ရတဲ့ဖိနပ်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

 

ခရီးသွားစဉ်အမှတ်မထင် ကားပျက်ခြင်း၊ ကားပြောင်းစီးရခြင်း၊ လမ်းလျှောက်ရခြင်းများနှင့်ကြုံတွေ့ပါက အထက်ပါ ဖိနပ်တွေက သင့်ကို ဒုက္ခပေးပါလိမ့်မယ်။ ဒါကြောင့် မိမိခြေထောက်ကိုသက်တောင့်သက်သာဖြစ်စေပြီး လွယ်ကူစွာ စီးနိုင်တဲ့ ဖိနပ်မျိုးကိုရွေးချယ်ပါ။

ရာသီဥတုပေါ်မူတည်ကာ အ၀တ်အစားရွေးချယ်ဝတ်ဆင်ပါ။ ရာသီဥတုအေးရင် မိမိကိုယ်ကို နွေးထွေး စေမဲ့ အ၀တ်အစားကိုဝတ်ပါ။ ခရီးလမ်းတစ်လျှောက်လုံးသက်တောင့်သက်သာရှိစေဖို့ ပေါ့ပေါ့ပါးပါး အင်္ကျီများကိုသာရွေးချယ်ပါ။

 

အနံပြင်းသောရေမွှေးများကို ရှောင်ပါ။ ခရီးသွားစဉ် မိမိနဲ့အတူသွားတဲ့ ခရီးသွားဖော်တွေ၊ အသက်ကြီး တဲ့သူတွေထဲမှာ ရေမွှေးနဲ့မကြိုက်သူတွေ၊ အနံ့ပြင်းတဲ့ရေမွှေးနံ့အခံနိုင်သူတွေ ပါနိုင်ပါတယ်။ မိမိကြောင့် တစ်ပါးသူစိတ်အနှောင့်အယှက်ဖြစ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

 

လုံလုံခြုံခြုံဝတ်စားဆင်ယင်ပါ။ နေထိုင်ရခက်တဲ့အ၀တ်အစားတွေမ၀တ်ပါနဲ့။ မိမိအ၀တ်အစားက ယောင်္ကျားလေးတွေကို ဆွဲဆောင်နိုင်တဲ့ ပါးလွှာတဲ့အ၀တ်အစား၊ မိမိခန္ဓာကိုယ်အလှကိုပေါ်လွင်စေတဲ့ အ၀တ်အစား၊ တိုလွန်းတဲ့စကပ်/ဘောင်းဘီများကို ရှောင်ကြဉ်ပါ။

-       အရောင်ဖျော့သောအ၀တ်အထည်များကို မ၀တ်ပါနဲ့။ ရထား၊ ကား စသည်တို့နဲ့ခရီးသွားတဲ့အခါ အများနဲ့အတူသွားလာရပါတယ်။ သွားလာရင်းနဲ့ မိမိအ၀တ်အစားကို ညစ်ပေစေမဲ့အရာတွေနဲ့ ကြုံတွေ့ ရနိုင်ပါတယ်။ ဒါကြောင့် အရောင်ဖျော့တဲ့ အဖြူရောင်၊ အရောင်နုများကိုရှောင်ပြီး အပေခံတဲ့ အရောင်ရင့် အ၀တ်များကိုသာ ရွေးချယ်ပါ။

-       အရေးကြီးတဲ့ပစ္စည်းတွေကိုအိတ်တစ်လုံးထဲမှာစု ထည့်ပြီး ကိုယ်နဲ့မကွာဆောင်ထားပါ။ ခရီးသွားရာတွင် လိုအပ်တဲ့ ငွေကြေး၊ မှတ်ပုံတင်၊ အရေးကြီးစာရွက်စာတမ်း၊ ရေဗူး၊ မုန့်၊ ဆေးဝါး၊ အနွေးထည် အစရှိသည်တို့ကို အိတ်တစ်ခုထဲမှာစုထည့်ပြီး ဆောင်ထားပါ။

 

 

ခရီးသွားစဉ်အထက်ပါ ဆောင်ရန်/ရှောင်ရန်အချက်လေးတွေကို သတိပြုခြင်းဖြင့် ပျော်ရွှင်စရာ ခရီးလေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်….။

 


17 Aug 2015     1,354 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style