BEC-TERO TV

ချစ်ပြီးရင်းကို အချစ်တွေပိုသွားစေမယ့် Liam လေးရဲ့ ရှုတင်ကပုံရိပ်လေးများ

19 Feb 2019     1,445 Views


ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ယွန်းဝတီလွင်မိုးကတော့ ခင်ပွန်းသည်နဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကိုမွေးဖွားပြီး ပျော်ရွှင်စရာအိမ်ထောင်ရေးတစ်ခုကိုထူထောင်ထားသူပါ။ ဖိုးဖိုးလွင်မိုးနဲ့တူလွန်းတဲ့ သားသားလေး Liam ဟာဆိုရင် အသဲယားစဖွယ်ချစ်စရာကောင်းတာကြောင့် လူချစ်လူခင်ပေါများပြီး ပရိသတ်တွေသာမက တစ်မိသားစုလုံးရဲ့ အသဲကျော်လေးဖြစ်နေတာပါ။

အားလုံးရဲ့မျက်စိရှေ့မှာတင် အသက် (၆) လကျော်အရွယ်ရောက်ကာ ထိုင်တတ်နေပြီဖြစ်တဲ့ Liam လေးကတော့ မေမေနဲ့အတူ ကြော်ငြာတစ်ခုကိုရိုက်ကူးခဲ့ပါတယ်။ Pigeon ဆိုတဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေကို မေမေယွန်းနဲ့အတူ ရိုက်ကူးခဲ့တာဖြစ်ပြီး ရှုတင်ကပုံရိပ်လေးတွေကို ဖွားဖွားမေသူက မျှဝေပေးလိုက်တဲ့အချိန်မှာ အသဲယားစဖွယ်ဖြစ်နေတဲ့ Liam လေးကို အားလုံးကချစ်မ၀ဖြစ်နေကြတာပါ။

 

ဒီကနေ့မှာတော့ ယွန်းနဲ့ Liam လေးရဲ့ကြော်ငြာပုံရိပ်တွေက ဖေ့စ်ဘွတ်ပေါ်မှာတက်လာချိန်မှာတော့ အားလုံးက ဖိုးဖိုးလွင်မိုးနဲ့အတော်တူတယ်လို့ မှတ်ချက်တွေပေးနေကြပြီး ချစ်ပြီးရင်းကို ချစ်မ၀ဖြစ်နေကြတာပါ။ မေမေနဲ့သားသား နှစ်ယောက်လုံးဘယ်လိုတွေချစ်ဖို့ကောင်းနေလဲဆိုတာ ကြော်ငြာပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

 

Photos_Htun Aung Lin


19 Feb 2019     1,445 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment