BEC-TERO TV

Toner အသုံးပြုပုံနှင့် ကောင်းကျိုးများ

18 Aug 2015     1,582 Views


မိတ်ကပ်လိမ်းတဲ့သူတိုင်းအတွက်လည်း Toner ကမရှိမဖြစ်လိုအပ်တဲ့ အသားအရေအတွက်လိုအပ်တဲ့ အရာတစ်ခုထဲမှာအပါအ၀င်ဖြစ်ပါတယ်။ Toner ကိုတော်တော်များများက အဓိပ္ပါယ်မှားယွင်းဖွဲ့ဆိုတတ် ကြတယ်။ အသားအရေထိန်းသိမ်းမှု ပညာရှင်တွေကတော့ Toner ဟာ အသားအရေရဲ့ PH level ကိုထိန်းညှိပေးပြီး cleanser ကမဖယ်ရှားပေး နိုင်တဲ့အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်လို့ ဆိုပါတယ်။

 

Tonerဟာအသားအရေကိုရေဓာတ်ပြန်လည်ဖြည့်ဆည်းပေးပြီး အသားအရေကို ပြန်လည်ပြုပြင်ပေးတဲ့ အသားအရေထိန်းသိမ်းခြင်းနဲ့ပတ်သတ်တဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးတယ်။

 

Toner ကိုဘယ်သူတွေသုံးသင့်သလဲ

မိတ်ကပ်ပညာရှင်တွေရဲ့အဆိုအရကတော့ Toner ဆိုတာအသားအရေတိုင်းအတွက် လိုက်ဖက်ပြီး အသုံးဝင်ပါ တယ်တဲ့။ သူ့မှာပါဝင်တဲ့ Alcohol ဓာတ်က အသားအရေပေါ်က အဆီတွေကိုဖယ်ရှားပေးပြီး ၀က်ခြံပေါက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ရိုးရိုး အစိုဓာတ်ထိန်းcream (Moisturizing cream) ကတော့ အစိုဓာတ်ထိန်းပေးနိုင်ပေမဲ့ ၀က်ခြံကိုတော့ ကာကွယ်မပေးနိုင်ပါဘူး။Tonerဟာအသားအရေကို အစိုဓာတ်ထိန်းပေးပြီး ခြောက်သွေ့ခြင်းမှ ကင်းဝေးစေမှာ အမှန်ပါပဲ။

 

တစ်နေ့လုံးမိတ်ကပ်၂ထပ်၊၃ထပ်လိမ်းထားပြီး မိတ်ကပ်ဖျက် (cleansing )လုပ်ပြီးတဲ့အခါ အညစ်အကြေးတစ်ချို့ မပြောင်သလို ခံစားရတတ်ပါတယ်။ Cleansing လုပ်ပြီးတဲ့အခါ Cotton pad (ဂွမ်း) ပေါ်မှာ Toner လေးထည့်ပြီး မျက်နှာပေါ်မှာ ဖွဖွလေးပွတ်ပြီးသန့်စင်ပေးတဲ့အခါမှာတော့ချွေးပေါက်ထဲကအညစ်အကြေးတွေပါ သန့်စင်သွားတာကို ခံစားရမှာဖြစ်ပါတယ်။

 

Toner မှာပါဝင်တဲ့ပစ္စည်းတွေကတော့

ခရမ်းချဉ်သီးဓာတ်ပေါင်း၊ လိမ္မော်သီးဓာတ်ပေါင်းနဲ့ Vitamin E ဓာတ်ပေါင်း စတဲ့ သဘာဝဓာတ်ပေါင်းတွေ အများကြီး ပါဝင်ပါတယ်။ Vitamin E ဓာတ်ပေါင်းတွေ အများကြီးပါရှိတဲ့အတွက် အသားအရေကိုစိုပြေစေပြီး နုပျိုလန်းဆန်းနေစေမှာပါ။

 

Toner ဟာ နွေ၊မိုး၊ဆောင်း ရာသီ၃ခုလုံးအတွက် အသားအရေကို ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် ရာသီဥတုပူတဲ့အခါမှာ ပေါင်းစပ်အသားအရေ (Combination Skin Type) ကိုလည်း အဆီပြန်ခြင်းမှလည်း ကာကွယ်ပေး နိုင်ပါတယ်။ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အသားအရေခြောက်သွေ့ခြင်းကိုလည်း Toner မှာပါတဲ့ အစိုဓာတ်က ကာကွယ် ပေးပါတယ်။

 

ခရီးသွားတဲ့အခါမှာလည်း လေယာဉ်ထဲမှာဖြစ်ပေါ်တတ်တဲ့ ခြောက်သွေ့မှုမှ ကင်းဝေးစေရန်လည်း ကာကွယ်ပေးပါတယ်။

Toner သုံးလျှင် အစိုဓာတ်ထိန်းcream လိမ်းစရာမလိုဘူးလား

 

Tonerဟာ အစိုဓာတ်ထိန်းပေးသော်လည်း Moisturizing Cream နေရာမှာအစားထိုးသုံးနိုင်တယ် လို့ တော့မဆိုလိုပါဘူး။ ဒါကြောင့် Toner တစ်လှည့် Creamတစ်လှည့် လိမ်းပေးနိုင်ရင်တော့ အသားအရေအတွက် ပိုမိုအကျိုးထူးစေမှာဖြစ်ပါတယ်။ ကမ်းခြေသွားမယ်ဆိုရင်တော့နေလောင်ဒဏ်ကို ကာကွယ်ဖို့အတွက် နေလောင် ကာကွယ်cream လိမ်းဖို့အတွက် တိုက်တွန်းလိုပါတယ်။

Toner ကိုလည်းသုံးပြီး အခြားskin care ပစ္စည်းတွေကိုလည်းသုံးကာ နေ့တိုင်းမှန်မှန်အသားအရေ ထိန်းသိမ်းသွားမယ်ဆိုရင်တော့ အရွယ်မတိုင်ခင် အသားအရေပျက်စီးခြင်းကိုလည်း ကာကွယ်နိုင်မှာပါ။ Sensitive skin ရှိတဲ့သူတွေကတော့ Toner ကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။ တချို့ Toner တွေက ဈေးနည်းပြီး Alcohol ပမာဏများနေတဲ့အတွက် အသားလောင်ခြင်း၊ အစက်ပြောက်ထွက်ခြင်း၊ နီခြင်းတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် Toner ၀ယ်ယူမယ်ဆိုရင် မိမိနဲ့သင့်တော်မဲ့ Alcohol ပမာဏသာ ပါဝင်တဲ့ Toner Brand ကိုဝယ်ယူသုံးစွဲပါလို့ သတိပေးလိုပါတယ်။ 


18 Aug 2015     1,582 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style