BEC-TERO TV

ပထမအချီမှာတင် ပွဲသိမ်းအနိုင်ယူပြီး ပရိသတ်ရဲ့မေတ္တာကိုခံယူမည့် “တီရယ်လ်ထန်”

05 Mar 2019     1,426 Views


ချင်းတိုင်းရင်းသား MMA ကစားသမား “တီရယ်လ်ထန်” က ONE Championship မှာ သူ့အတွက် ပထမဦးဆုံး ပွဲဦးထွက် ယှဉ်ပြိုင်မှုကို ပထမအချီမှာတင် အနိုင်ကစားမယ်ဟု ကြွေးကြော်ထားပါတယ်။
“တီရယ်လ်ထန်” ဟာ မြန်မာ့စပါးအုံး ”အောင်လအန်ဆန်” ရဲ့ လေ့ကျင့်သင်ကြားမှုတွေနဲ့ ပေါင်းစပ်ပြီး ပြိုင်ဘက်ကို လှလှပပ အနိုင်ယူဖို့ ပြင်ဆင်ထားပြီးပြီလို့ ONE Championship ရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ပြောကြားခဲ့တာပါ။
 
“တီရယ်လ်ထန်” ဟာ ချင်းပြည်နယ် ဟားခါးမြို့မှာ Greco-Roman စတိုင်လ် နပန်းအားကစားနည်းကို လေ့ကျင့်ခဲ့ပြီး အပျော်တန်းပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့ပြီးနောက် Hard Knocks 365 တွင် ယှဉ်ပြိုင်ရန် အရည်ချင်းပြည့်မီတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
 
 
အဲဒီနောက် ONE Championship နဲ့ ပထမဦးဆုံး စာချုပ် ချုပ်ဆိုကာ မွေးရပ်မြေဖြစ်တဲ့ မြန်မာနိုင်ငံနဲ့  မြန်မာပရိသတ်များရဲ့ ရှေ့မှောက်မှာ သူ့ရဲ့ အရည်အချင်းတွေကို ချပြဖို့ အဆင်သင့်ဖြစ်နေပါပြီ။ 
လာမည့် မတ်လ ၈ ရက်နေ့မှာ သူ့ရဲ့ပြိုင်ဘက် ကမ္ဘောဒီးယား ခမာလက်ဝှေ့ကစားသမား Rin Saroth နဲ့ ဖယ်သာဝိတ်တန်းတွင် ပွဲဦးထွက် ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ ဒီပွဲကို ပထမအချီမှာတင် အဆုံးသတ်သွားမယ်လို့ ပြောကြားခဲ့ပြီး ပရိသတ်တွေအနေနဲ့ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။
 

 
ONE:REIGN OF VALOR  ပွဲလက်မှတ်များကို အခန်း ၇၀၃ ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ အေးရိပ်သာ (၁)လမ်း၊ ရွှေသံလွင်ကွန်ဒို၊ ဗဟန်းမြို့နယ်။ ဖုန်း ၀၁ ၅၄၉ ၂၉၇ မှာ ပိတ်ရက်မရှိ ဆက်သွယ်ဝယ်ယူနိုင်ကြပါပြီ။ 

05 Mar 2019     1,426 Views




RELATED

Most Popular of Boxing

Most Popular of NEWS