BEC-TERO TV

အရှက်တကွဲ ရှုံးပွဲကြောင့် ဆိုးရွှားတဲ့ မှတ်တမ်းဆိုးတွေကို ပိုင်ဆိုင်ခဲ့တဲ့ လက်ရှိချန်ပီယံ ရီးရဲလ်

06 Mar 2019     1,339 Views


မနေ့ကချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုကျော့ကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး လက်ရှိချန်ပီယံ ရီးရဲလ်မက်ထရစ်ဟာ အိမ်ကွင်းမှာ အေဂျက်စ်ကို ၁-၄ဖြင့် အရှက်တကွဲရှုံးနိမ့်မှုနဲ့ အတူ ပြိုင်ပွဲမှ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

ယခုနှစ်မတိုင်မီ ရီးရဲလ်မက်ထရစ်ဟာ ချန်ပီယံလိဂ်ဖလား သုံးနှစ်ဆက် ယူထားနိုင်ခဲ့ပြီး ဒီနစ်မှာတော့ ၁၆ သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီး ဆိုးရွားတဲ့ မှတ်တမ်းဆိုးတွေကို ပိုင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ ရော်နယ်ဒို အသင်းမှ ထွက်သွားပြီးနောက်ပိုင်း ခြေစွမ်းထိုးကျသွားခဲ့ပြီး တချို့ ဖလားပြိုင်ပွဲတွေမှ ထွက်ခဲ့ရပြီးဖြစ်ပါတယ်။

ရီးရဲလ်အသင်းဟာ အခုအေဂျက်စ်ကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်မှုကြောင့် ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အိမ်ကွင်း ၄ ပွဲဆက်ရှုံးပွဲတွေ့ခဲ့ပါတယ်။၂၀၀၉-၁၀ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်တက်ရောက်မှ လှည့်ပြန်ခဲ့ရတဲ့ပါတယ်။

အေဂျက်စ်ကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်တာဟာ သမိုင်းတလျောက် ချန်ပီယံလိဂ် ရှုံထွက်အဆင့်မှာ အကြီးမားဆုံး ဂိုးပြတ်ရှုံးပွဲဖြစ်ပါတယ်။

 


06 Mar 2019     1,339 Views




RELATED

Most Popular of Football

Most Popular of Sport