BEC-TERO TV

ထိပ်တန်းကစားသမားတွေကို ချပ်လှပ်ထားခဲ့ပြီး အာဂျင်တီးနားအသင်းကို မက်စီ ဦးဆောင်လာမည်

08 Mar 2019     1,372 Views


ဘာစီလိုနာအသင်းကစားသမား မက်စီ ဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ ပြန်လည်ကစားတော့မယ်လို့သိရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပြီးတဲ့နောက် နိုင်ငံ့လက်ရွေးစင် ကစားသမားဘဝကနေ ယာယီအနားယူခဲ့တဲ့ မက်ဆီဟာ ဒီလထဲမှာ ကစားမယ့် ခြေစမ်းပွဲတွေအတွက် အာဂျင်တီးနားလူစာရင်းမှာ ပြန်လည်ပါဝင်လာပါတယ်။

မက်ဆီလိုပဲ ပီအက်စ်ဂျီကစားသမား ဒီမာရီယာ(၃၁နှစ်) လည်း ၃၁ဦး လူစာရင်းထဲမှာ ပြန်ပါလာပါတယ်။

ဒါပေမယ့် အသက် ၂၇ ခုနှစ်ပဲရှိသေးတဲ့  စပါးကွင်းလယ်လူ လာမယ်လာကိုတော့ နည်းပြက မရွေးချယ်ခဲ့ပါဘူး။ မန်စီးတီးအသင်းနဲ့ အတူ ခြေစွမ်ပြဂိုးတွေသွင်းထားတဲ့ အဂွဲရို  ၊ ချလ်ဆီးအသင်း ဝါရင့်တိုက်စစ်မှူး ဟီဂွာအင်တို့လည်း ပါဝင်လာခဲ့ခြင်းမရှိသလို အင်တာမီလန်မှာ နည်းပြနဲ့ အဆင်မပြေလို့ ဖေဖော်ဝါရီ ၉ရက်နောက်ပိုင်း ကစားခွင့်မရတော့တဲ့ တိုက်စစ်မှူး အီကာဒီလည်း လူစာရင်းထဲမှာ ပါမလာပါဘူး။

အာဂျင်တီးနားဟာ ၂၀၁၉ ကိုပါအမေရိက ဖလားပြိုင်ပွဲအတွက် ပြင်ဆင်နေပြီး အောင်မြင်မှု ရရှိဖို့ အဓိကထား လုပ်ဆောင်နေတာဖြစ်ပါတယ်။၂၀၁၉ ကိုပါအမေရိက ဖလားပြိုင်ပွဲကို လာမယ့် ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၇ရက်အထိ ဘရာဇီးမှာ ကျင်းပပါမှာဖြစ်ပါတယ်။ အာဂျင်တီးနားဟာ ကိုလံဘီယာ၊ ပါရာဂွေး၊ ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။


08 Mar 2019     1,372 Views




RELATED

Most Popular of Football

Most Popular of Sport