BEC-TERO TV

UEFA ကို ဝေဖန်ခဲ့တဲ့ နေမာကို UEFA က ပွဲပယ်ပြစ်ဒဏ်ချတော့မယ်

08 Mar 2019     1,318 Views


ပီအက်စ်ဂျီအသင်း က ယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ နေမာဟာ ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ် ပင်နတီကို ဝေဖန်ပြောဆိုခဲ့တာကြောင့် ၃ ပွဲပယ် ပြစ်ဒဏ်နဲ့ ခံရဖို့ ရင်ဆိုင်နေရပါတယ်။အဆိုပါပွဲမှာ ယူနိုက်တက်ဟာ တိုက်စစ်မှူး ရက်ဖို့စ် ရဲ့ ပင်နတီ ဂိုးနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပွဲမှာ ကွင်းလယ်ဒိုင်က ကင်ဘမ်ပီ လက်ထိဘောကို VAR ကြည့်ပြီး ပင်နယ်တီအဖြစ် ဆုံးဖြတ်ချက်ခဲ့တာကြောင့် မန်ယူကိုနောက်တစ်ဆင့်တက်ခွင့်ပေးလိုက်သလိုဖြစ်စေခဲ့တာပါ။

ပွဲအပြီးတွင် နေမာက “ UEFA က ဘောလုံးအကြောင်းဘာမှမသိတဲ့ လူလေးယောက်ကို VAR အတွက်ဆုံးဖြတ်ချက်ချဖို့တာဝန်ပေးခဲ့တယ်။ ဒီလက်ထိဘောက မပေးသင့်တဲ့ ပင်နယ်တီပါ ” လို့ ဒိုင်လူကြီးနဲ့ UEFA ကို ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဒီဖြစ်ရပ်ကို UEFA က စွဲချက်တင်ဖွယ်ရှိနေပြီး နေမာအနေနဲ့ ၃ ပွဲပယ်ခံရဖွယ်ရဖို့ရှိနေပါတယ်။ ပီအက်စ်ဂျီနည်းပြ တူချယ်ကတော့ နေမာဟာ အရှုံးရလဒ်ကြောင့် စိတ်လိုက်မာန်ပါ ရေးသားမိတာဖြစ်ပြီး ယူအီအက်ဖ်အေအနေဖြင့် နေမာအပေါ် သက်ညှာ ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။


08 Mar 2019     1,318 Views




RELATED

Most Popular of Football

Most Popular of Sport