BEC-TERO TV

ရုပ်ပျက်ဆင်းပျက် ဖြစ်စေခဲ့တဲ့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ရဲ့ ကျောင်းတွင်းသင်္ကြန်

08 Mar 2019     5,591 Views


ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ရဲ့ ကျောင်းတွင်းသင်္ကြန်မှာ ကျောင်းအတွင်း ပျော်ပွဲရွင်ပွဲတွေပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။ အဆိုပါ ကျောင်းသင်္ကြန်ပွဲမှာတော့ပျော်ပွဲရွှင်ပွဲများနှင့်အတူ ရန်ပွဲတွေပါဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

 ရန်ပွဲကတော့ ကျောင်းအတွင်းရှိ ကန်တင်းအဟောင်းနားမှာဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ပစ္စည်းများဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြကြောင်း သိရပါတယ်။

ရန်ပွဲဖြစ်ရပုံနဲ့ပတ်သက်ပြီး မသိရှိရသေးပဲ ကျောင်းအတွင်း တာဝန်ရှိရဲတပ်ဖွဲ့များနဲ့ လုံခြုံရေးအဖွဲ့များသွားရောက် စစ်ဆေးခဲ့ကြကြောင်း သိရပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းကဖြစ်ပွားခဲ့တဲ့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ကျောင်းသင်္ကြန်ရန်ပွဲကို တင်ပေးလိုက်ပါတယ်။


08 Mar 2019     5,591 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS