BEC-TERO TV

MMA ကစားသမား “ကော်နာမက်ဂရက်ကာ” ကို လက်ကိုင်ဖုန်း ခိုးယူမှုနဲ့ ဖမ်းဆီး

12 Mar 2019     1,442 Views


UFC သိုင်းပေါင်းစုံရဲ့  ဖယ်သာဝိတ် နဲ့ လိုက်ဝိတ်တန်း နှစ်ခုတို့ရဲ့ ချံပီယံဟောင်းလည်း ဖြစ်ခဲ့ဖူးတဲ့ “ကော်နာမက်ဂရက်ကာ”ဟာ MMA လောကမှာ အမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်ပါတယ်။ သိုင်းပေါင်းစုံလောကမှာ ချံပီယံဘုရင်ဖြစ်လိုမှုသာမကပဲ လက်ဝှေ့လောကမှာပါ လွှမ်းမိုးလိုစိတ်ကြောင့် ချံပီယံ “မေဝယ်သာ” ကို စိန်ခေါ်ထိုးသတ်ခဲ့သူပါ။ ဒါပေမယ့် သူရှုံးနိမ့်ခဲ့ပါတယ်။
 
မတ်လ ၁၁ ရက်နေ့က “မက်ဂရက်ကာ” ဟာ မီယာမီကမ်းခြေမှာ သူ့ရဲ့ ပရိသတ်တစ်ဦးဆီက လက်ကိုင်ဖုံးကို လုယူဖျက်ဆီးသွားမှုနဲ့ အမှုဖွင့်ခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
တနင်္လာနေ့ နံနက် ၅ နာရီလောက်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ “မက်ဂရက်ကာ” က ဟိုတည်အပြင်ဘက်ကို ထွက်လာစဉ် တစ်ချိန်တည်းမှာပဲ သူ့ကိုအားပေးတဲ့ ပရိသတ်တစ်ဦးကလည်း အဆိုပါဟိုတယ်ထဲက အထွက်နဲ့ ကြုံကြိုက်သွားပါတယ်။
 
ပရိသတ်က ဖုန်းကိုထုတ်လိုက်ပြီး “မက်ဂရက်ကာ” ကို ဓါတ်ပုံရိုက်စဉ် “မက်ဂရက်ကာ” က ဖုန်းကို ပိုင်ရှင်လက်ထဲမှ ဆွဲလုယူလိုက်ပါတယ်။ အဲဒီအချိန် ဖုန်းက အောက်ပြုတ်ကျခဲ့ပြီး “မက်ဂရက်ကာ” က ဖုန်းကို ခြေထောက်နဲ့ အကြိမ်ကြိမ် ဆောင့်နင်းဖျက်ဆီးပြီးနောက် ပြန်ကောက်ယူကာ ဘာမပြောညာမပြောနဲ့ ထွက်သွားခဲ့တာကြောင့် ဖုန်းခိုးယူမှုနဲ့ ရဲတိုင်ကြားခံခဲ့ရတာဖြစ်ပါတယ်။
 
အဆိုပါဟိုတယ်အတွင်းမှာ LIV ကလပ်ရှိတာကြောင့် “မက်ဂရက်ကာ” ရဲ့ ပရိသတ်ဖြစ်သူဟ ကလပ်က ပြန်ထွက်လာချိန် “မက်ဂရက်ကာ” နဲ့ မထင်မှတ်ပဲ ဆုံခဲ့တာဖြစ်ပါတယ်။ ယင်းနေ့ ညနေ ၆ နာရီမှာ “မက်ဂရက်ကာ” ကို ရဲအဖွဲ့က သူ့ရဲ့နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။
 
“မက်ဂရက်ကာ” နဲ့ မိသားစုဟာ သူ့ရဲ့မိခင်မွေးနေ့ပွဲအတွက် မီယာမီကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်က ရောက်ရှိနေကြတာဖြစ်ပါတယ်။

12 Mar 2019     1,442 Views




RELATED

Most Popular of Boxing

Most Popular of NEWS