BEC-TERO TV

နွေရာသီအသားအရေထိန်းသိမ်းခြင်း

19 Aug 2015     1,306 Views


အခုနွေရာသီရောက်လာပြီဆိုတော့ မိန်းကလေးများအတွက် အသားအရေထိန်းသိမ်းနည်းလေးကို တင်ဆက်ပေးချင်ပါတယ်။ မိန်းကလေးတွေအသားအရေကနူးညံ့တဲ့အတွက် နွေ၊မိုး၊ဆောင်း ရာသီတိုင်း အသားအရေထိန်းသိမ်းနေရတာပါ။ သို့သော်လည်း ရာသီတစ်ခုစီအတွက် အသားအရေထိန်းသိမ်းနည်းက မတူပါဘူး။ အခုကတော့ နွေရာသီလည်းဖြစ်တယ်၊ ခါတိုင်းနွေရာသီထက်လည်း အများကြီးပိုပူတဲ့အတွက် ပျိုမေတို့အသားအရေစိုပြေစေဖို့ နည်းလမ်းကောင်းလေးများကို ဝေမျှလိုက်ပါတယ်။

နွေရာသီမှာ အသားအရေကိုအစိုဓာတ် ထိန်းသိမ်းပေးရုံနဲ့မလုံလောက်ပါဘူး။ အသက်၂၀အရွယ်ဆိုရင် အစိုဓာတ်ထိန်းlotionနဲ့လုံလောက်ပေမဲ့ အသက်၃၀ကျော်လာပါက ပိုမိုထူပျစ်တဲ့ lotionကိုလိုအပ်ပါတယ်။ ဒါကြောင့် ချေးချွတ်ပြီး အရေပြားထဲထိထိုးဖောက်အားဖြည့်ပေးနိုင်တဲ့ Body Serumကိုလိမ်းပေးပြီး Body Butter ကိုထပ်မံလိမ်းပေးသင့်ပါတယ်။

နွေရာသီမှာ မျက်နှာကိုပိုမိုသန့်စင်အောင်ဆေးပေးသင့်ပါတယ်။ ဥတု၃ခုလုံးမှာ မျက်နှာကိုသန့်စင်တာ အရေးပါပေမဲ့ နွေရာသီမှာက ပိုမိုဖုန်များတဲ့အတွက် ထပ်မံသတိပေးရခြင်းဖြစ်ပါတယ်။ မျက်နှာပေါ်က Suncream တွေ၊ မိတ်ကပ်တွေ၊ ချွေးတွေ၊ဖုန်တွေကြောင့် ကပ်ငြိနေတဲ့ အညစ်အကြေးတွေကို Cleansing oil နဲ့သေချာ သန့်စင်ပေးပါ။ ဂွမ်းပေါ်မှာ မိတ်ကပ်ဖျက်ဆေးဆွတ်ကာ မျက်နှာအနှံ့သန့်စင်ပါ။ ပြီးနောက် မျက်နှာသစ်ဆေး၊ရေတို့နဲ့ သေချာသန့်စင်ပေးရန်လိုအပ်ပါတယ်။ လည်ပင်း၊နဖူးနဲ့ နားတစ်ဝိုက်ကို သန့်စင်ပေးဖို့ လည်းမမေ့ပါနဲ့နော်။

ရေမွှေးကလည်း နွေရာသီမှာသတိထားရမဲ့အရာတစ်ခုပါပဲ။ နွေရာသီမှာ ပူပြင်းတဲ့အတွက် အနံ့ပြင်းရေမွှေးတွေက ပိုမိုအနံ့ပြင်းလာပြီး ရေမွှေးအနံ့လည်းသိပ်မစွဲတော့ပါဘူး။ ဒါကြောင့် ပန်းရနံ့၊ လိမ္မော်နံ့၊ သံပုရာရနံ့ စတဲ့ရေမွှေးများကိုရွေးချယ်သင့်ပါတယ်။ ချိုချို အီအီအနံ့များကိုတော့ရှောင်ကြဉ်သင့်ပါတယ်။ ရေမွှေးအဆီဆွတ်ခြင်းထက် အရည်ပိုကျဲတဲ့ရေမွှေးက အနံ့ပိုဖျော့တဲ့အတွက် အရည်ကျဲရေမွှေးကို အသုံးပြုပါ။

Skin care ပစ္စည်းများကိုပိုမိုအသုံးပြုပါ။ မျက်နှာပေါင်းတင်တဲ့ကပ်ခွာတွေ၊ night maskတွေ၊ အသားအရေအားဖြည့်ပေးတဲ့ serumတွေကို ပိုမိုအသုံးပြုပေးပါ။ မျက်နှာအသားအရေကို စိုပြေစေတဲ့ Mist spray တွေလည်းရှိပါတယ်။ မိမိအသားအရေခြောက်လာပြီလို့ခံစားရတိုင်း sprayဖြန်းပေးပါ။ တစ်ပတ်တစ်ခါ မျက်နှာကို ချေးချွတ်ပေးပါ။ ခရမ်းလွန်ရောင်ခြည်များနဲ့ထိတွေ့တဲ့အတွက် အသားအရေကို အရောင်ပြောင်းစေ နိုင်ပါတယ်။ ဒါကြောင့် Whitening ပါတဲ့ မျက်နှာသစ်ဆပ်ပြာ၊ lotionတွေကိုသုံးပါ။

မိန်းကလေးတွေက လက်နဲ့ခြေသလုံးမှာရှိတဲ့ အမွှေးတွေကို မကြိုက်ကြပါဘူး။ လက်နှင့်ခြေမှာရှိတဲ့ အမွှေးလေးတွေက နွေရာသီမှာဆို အရှည်မြန်ပါတယ်။ ပြောင်ဝင်းချောမွတ်တဲ့ ခြေသလုံးလေးတွေ လိုချင်တယ် ဆိုရင်တော့ အမွှေးတွေကို ရိတ်တာ၊ ဖယောင်းသုံးပြီး ဖယ်ရှားတာမျိုးတွေလုပ်ရပါမယ်။ တစ်ခါတစ်ရံ ဖယောင်း နဲ့အမွှေးအမျှင်ဖယ်ရှားခြင်းက အမွှေးပေါက်တဲ့အပေါက်လေးတွေကို ပိတ်စေပါတယ်။ ဒါဟာလည်း မကောင်းပါဘူး။ ဒါကြောင့် Tee Treeလို့ခေါ်တဲ့အဆီရှိပါတယ်။ အဲ့အဆီကိုလိမ်းပေးပါ။ အမွှေးများကို ဖယ်ရှားပြီးခါစတွင် လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်ပါ။

နွေရာသီမှာ Anti-oxidant ဓာတ်ကပိုမိုလိုအပ်ပါတယ်။ ဒါကြောင့် Green Tea၊ Grape Seed နဲ့ Vitamin C ဓာတ်ပါတဲ့ Skin care တွေကိုအသုံးပြုပါ။ Vitamin ပါတဲ့ Gel Mask တွေကိုတစ်ပတ်တစ်ခါသုံးပေး ပါ။

နွေရာသီမှာဆိုရင် ခြောက်သွေ့တဲ့အသားအရေက ပိုမိုကောင်းမွန်ပါတယ်။ စိုစွတ်ထိုင်းမှိုင်းတဲ့ ရာသီဥတုမှာသာ ၀က်ခြံတွေပေါက်နိုင်ပေမဲ့ ခြောက်သွေ့တဲ့ရာသီမှာတော့ ၀က်ခြံပေါက်နှုန်းနည်းပါတယ်။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေကတော့ ၀က်ခြံပေါက်တတ်ပေမဲ့ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင် တွေကတော့ နွေရာသီမှာ ၀က်ခြံပေါက်မှာကို စိတ်ပူစရာမလိုပါဘူး။ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင် တွေကတော့ နွေရာသီမှာ အဆီမပါတဲ့ skin care ပစ္စည်းတွေကိုသုံးပါ။ ရွံ့နဲ့အခြေခံပြုလုပ်ထားတဲ့ မျက်နှာသစ်ဆေးကိုသုံးပါ။

လက်သည်းတွေဟာ နွေရာသီမှာ ကြွပ်ဆပ်နေတတ်ပါတယ်။ လက်သည်းကို အားဖြည့်ပေးနိုင်တဲ့ အကြည်ရောင်လက်သည်းဆိုးဆေး ဆိုးခြင်းဖြင့်ကာကွယ်ပါ။ လက်သည်းကို ကြည်ကြည်ပြောင်ပြောင်လေး ဖြစ်နေစေပြီး လက်သည်းကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။

ပျိုမေတို့နွေရာသီမှာအသားအရေထိန်းသိမ်းပြီး ပျော်ရွှင်လှပနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 


19 Aug 2015     1,306 Views




RELATED

Most Popular of Woman To Woman

Most Popular of Life Style