BEC-TERO TV

ပြိုင်ဖက်ကြီး ရော်နယ်ဒို ကို ချီးမွန်းခန်း ဖွင့်ခဲ့တဲ့ လီယွန်နယ် မက်စီ

14 Mar 2019     1,297 Views


မနေ့ညက ဘာစီလိုနာအသင်းဟာ မက်စီရဲ့ ခြေစွမ်းပြမှုနဲ့ လိုင်ယွန်ကို ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ကွာတားအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။အဆိုပါပွဲမှာ မက်စီဟာ သွင်းဂိုးနှစ်ဂိုး နဲ့ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ညကပွဲအပြီးမှာ မက်စီဟာ အက်သလက်ကို ဟက်ထရစ်ဂိုးနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိင်ခဲ့တဲ့ အတွက်  ပြိုင်ဖက် ရော်နယ်ဒို ကို လေးစားမိတယ်လို့ ပြောဆိုလိုက်ပြီး မှော်ဆန်တဲ့ ညတစ်ညဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပထမအကျော့က အက်သလက်တီကိုမက်ဒရစ်အသင်း အိမ်ကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဂျူဗင်တပ်အသင်းကို ကယ်တင်နိုင်ဖို့အတွက် တစ်ဦးတည်း ၃ ဂိုးသွင်းယူပြီး ကွာတားဖိုင်နယ်အဆင့်ကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မက်ဆီဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ရော်နယ်ဒိုနဲ့ ပြန်လည်ရင်ဆိုင်ရဖွယ်ရှိနေပြီ မနက်ဖြန်မှာ တော့ ချန်ပီယံလိဂ် မဲခွဲပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။

“ကျွန်တော် ချန်ပီယံလိဂ်နဲ့ည တွေဟာ ပျော်စရာညတွေပါ။“မနေ့က ရော်နယ်ဒို ဂျူဗင်တပ်အသင်းအတွက် လုပ်ဆောင်ခဲ့တာတွေက တစ်ကယ်ကို အထင်ကြီးလေးစားစရာပါပဲ ၊ အက်သလက်တီကို မက်ထရစ်လို့ အသင်းမျိုးကို အနိုင်ယူဖို့မလွယ်ပါဘူး ၊ ဒါကို ရော်နယ်ဒို က သွင်းဂိုး ၃ ဂိုးနဲ့ လုပ်ဆောင်ပြနိုင်ခဲ့တယ်လေ ”

ချန်ပီယံလိဂ်နောက်တစ်ဆင့်မဲခွဲပွဲကို လာမည့် မတ်လ ၁၅ ရက်နေ့ မနက်ဖြန် မှာ ပြုလုပ်သွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှ အသင်း ၄ သင်းစလုံးပါဝင်နေပြီး ဘာစီလိုနာအတွက် တစ်ကယ်ကို ခက်ခဲတဲ့ ပြိုင်ဖက် တွေနဲ့တွေ့ ဆုံသွားမှာပါ။

 


14 Mar 2019     1,297 Views




RELATED

Most Popular of Football

Most Popular of Sport