BEC-TERO TV

တရားရုံးမှာ အစစ်ဆေးခံဖို့ ထွက်ရှိလာတဲ့ Seungri နဲ့ Jung Joon Young

14 Mar 2019     1,309 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးအဆိုတော်များဖြစ်တဲ့ Big Bang အဖွဲ့မှ Seungri နဲ့ Rock အဆိုတော် Jung Joon Young တို့ဟာ မိန်းကလေးများကို အလိုမတူပဲ အဓမ္မပြုကျင့်မှုနဲ့ တရားစွဲဆိုခံခဲ့ရတာပဲဖြစ်ပါတယ်။

Seungri , Jung Joon Young , Choi Jong Hyun, နာမည်ကြီးမင်းသမီး Park Han Byul ရဲ့ ယောင်္ကျား Mr.Yoo တို့ပါဝင်တဲ့ kakaotalk က group chat မှာ မိန်းကလေးတွေနဲ့ ကိုယ်စီ ဆက်ဆံထားတဲ့ ဗွီဒီယိုတွေကို အတူမျှဝေကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ Group Chat ထဲ ပါဝင်သူတွေဟာ အသက် ၂၀ ဝန်းကျင် တက္ကသိုလ်ကျောင်းသူတွေနဲ့ တက်သစ်စ အဆိုတော်လေးတွေကို အတူအရက်သောက်ဖို့ခေါ်သွားပြီး  ဆေးခတ်ကာ အလိုမတူပဲ အဓမ္မပြုကျင့်ခဲ့တာပါ။

Seungri ဟာ Burning Sun Club မှာလာရောက်တဲ့ ငွေမဲသူဋ္ဌေးတွေအတွက် အပျော်မယ်ရှာပေးသူတစ်ဦးဖြစ်ပြီး မုဒိန်းမှုများစွာဖြစ်ပွားစေခဲ့တဲ့ အဓိကတရားခံတစ်ယောက်ဖြစ်ပါတယ်။ Burning Sun Club ဟာ နယ်မြေခံ ရဲတွေကို လာဘ်ထိုးပြီးအကျင့်ပျက်ခြစားနေတဲ့ Club တစ်ခုပါ။ အထဲမှာ မူးယစ်ရောင်းဝယ်ဖောက်ကားမှု၊ မုဒိန်းမှု မျိုးစုံဖြစ်ပွားထားပါတယ်။

Seungri , Jung Joon Young , Choi Jong Hoon နဲ့ Mr. Yoo တို့ကို စစ်ဆေးဖို့ တရားရုံးမှဆင့်ခေါ်ခဲ့ရာမှ ဒီနေ့မှာတော့ Seungri နဲ့ Jung Joon Young တို့နှစ်ဦး အရင် စစ်ဆေးခံဖို့ ထွက်ပေါ်လာကြတာဖြစ်ပါတယ်။ နောက်ထပ် Group Chat ထဲမှာ ဘယ်သူတွေ ပါဦးမလဲ ဆိုတာကိုတော့ SBS သတင်းက ဆက်လက်ဖော်ထုတ်တာကို စောင့်ကြည့်ရမှာပါ။

(ပိုပိုလေး)


14 Mar 2019     1,309 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS