BEC-TERO TV

မြန်မာဟက်ကာ UGMH အဖွဲ ့ဟာဘင်္ဂလားဒေ့ရှ်ကို ဆိုက်ဘာတိုက်ခိုက်ပြုလုပ်

15 Mar 2019     1,709 Views


မြန်မာဟက်ကာအဖွဲ UGMH အဖွဲ ့ဟာဘင်္ဂလားဒေ့ရှ်ကို ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်သွားမယ်လို့ မတ်လ ၁၄ ရက်နေက ထုတ်ပြန်ခဲ့ပါတယ်။မတ်လ ၁၅ ရက်နေ့မှာ စတင်တိုက်ခိုက်မှုနေပြီး လက်ရှိအချိန်မှာ ဝက်ဘ်ဆိုဒ်ပေါင်း ၅၀ ကျော်တိုက်ခိုက်ထားပြီး ဖြစ်တယ်လို့သိရပါတယ်။
 
 မြန်မာတိုင်းရင်းသားမဟုတ်သည့် ဘင်္ဂါလီများကို မြန်မာများက ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံး သတ်ဖြတ်နေသည်ဟု ပြောဆိုနေမှုများသည် မမှန်ကန်ကြောင်း ကမ္ဘာက သိစေရန် တိုက်ခိုက်မှုများကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း ပြုလုပ်ခဲ့တယ်လိုသိရပါတယ်။

“ဘင်္ဂါလီတွေဟာ မြန်မာတိုင်းရင်းသားတွေမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ရဲ့ လူမျိုးတွေသာဖြစ်တယ်။ မြန်မာနိုင်ငံသားတွေမဟုတ်သလို မြန်မာနိုင်ငံ တိုင်းရင်းသားမျိုးနွယ်စုတွေထဲမှာ မပါဝင်ကြောင်း၊ မြန်မာတွေဟာ သူတို့ကို ရည်ရွယ်ချက်ရှိရှိ ရန်ရှာပြီး လူမျိုးတုန်း သတ်ဖြတ်နေတယ်ဆိုပြီး ပြောနေတာတွေဟာ မဟုတ်မှန်ကြောင်းကို ကမ္ဘာက သိဖို့အတွက် တိုက်ခိုက်ရခြင်းဖြစ်ပါတယ်။ ”မြန်မာဟက်ကာ တွေကဆိုပါတယ်။
 
တိုက်ခိုက်မှုများတွင် ဘင်္ဂလားဒေ့ရှ် အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက်များကိုလည်း တိုက်ခိုက်ထားပြီးဖြစ်ပြီးဖြစ်တယ်လို့ သိရပါတယ်။ UGMH က“ ဒါတွေဟာ အဓိက တိုက်ခိုက်မှု ရည်ရွယ်ချက်နဲ့မဆိုင်သေးတဲ့အတွက် သိမ်းဆည်းထားရုံပဲ လုပ်ထားပါတယ်။ ဒါပေမယ့် လိုအပ်လာရင်တော့ လိုအပ်သလို ဖွင့်ထုတ်သွားဖို့လည်းရှိပါတယ်။” သိရပါတယ်။
 
ယခုကဲ့သို့ တိုက်ခိုက်ခြင်းသည် မြန်မာနိုင်ငံ၏ ပြဿနာအမှန်ကို ကမ္ဘာကသိစေရန်အတွက်သာ တိုက်ခိုက်ခြင်း ဖြစ်ပြီး အစိုးရ၊ တပ်မတော် စသည့် နောက်ကွယ်မှ မည်သည့်အဖွဲ့အစည်းမှ ပါဝင်ခြင်းမရှိဟုလည်း UGMH က တင်ပြထားပါတယ်။ 

15 Mar 2019     1,709 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS