BEC-TERO TV

ကြမ်းလွန်းလို့ သတိပေးစာပါရေးပြီး တားမြစ်ထားတဲ့ လုလင်ပျိုရဲ့ အကြမ်းစား သီချင်းMV

18 Mar 2019     2,087 Views


မျက်ခုံးထူထူ နှာတံပေါ်ပေါ်နဲ့ သာမန်ထက်ပေါ်လွင်ထင်ရှားတဲ့ ရုပ်ရည်တစ်ခုကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်လုလင်ပျိုကတော့ အနုပညာဂီတနယ်ပယ်ထဲမှာ အောင်မြင်ထင်ရှားသူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ တက်သစ်စလူငယ်အဆိုတော်လေးပဲဖြစ်ပါတယ်။ မြူးမြူးကြွကြွ သီချင်းသံစဉ်တွေကို အမိုက်စားဖန်တီးတတ်တဲ့ လုလင်ပျိုကတော့ ဒီကနေ့မှာ သူ့ရဲ့သီချင်းအသစ်လေးတစ်ပုဒ်နဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးလိုက်ပါတယ်။

“မင်းမြင်လို့လား” ဆိုတဲ့ အမိုက်စားသီချင်းကို အကြမ်းစားပုံစံတွေနဲ့ ဖန်တီးရိုက်ကူးထားတာကြောင့် လုလင်ပျိုရဲ့သီချင်းက ကြည့်ရှုသူများပြားနေသလို လူအများကြားပြောစမှတ်ဖြစ်နေကာ ယနေ့အွန်လိုင်းအသုံးပြုသူတွေကြားမှာ ဟော့ဖြစ်လို့နေပါတယ်။ ဒါ့အပြင် ၁၈ နှစ်အောက်ကလေးများမကြည့်ရှုသင့်တဲ့ အကြမ်းအရမ်းပုံစံတွေပါဝင်နေတာကြောင့် “အသက် ၁၈ နှစ်အောက် ကလေးများ ကြည့်ရှုရန်မသင့်ပါ” ဆိုပြီး ထည့်သွင်းရေးသားဖော်ပြထားပါသေးတယ်။ ခမ်းကြမ်းကြမ်းရိုက်ချက်တွေနဲ့ ပုံဖော်ထားတဲ့ အဆိုတော်လုလင်ပျိုရဲ့ “မင်းမြင်လို့လား” သီချင်းဗီဒီယိုကို တင်ဆက်ပေးလိုက်ပါတယ်။

(ပိုပိုလေး)

 


18 Mar 2019     2,087 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment