BEC-TERO TV

Black Pink နဲ့ အတူသီချင်းတွေအတူဆိုချင်ပါတယ်လို့ Little Mix ပြောကြား

19 Mar 2019     1,289 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးအဆိုတော်အဖွဲ့ Black Pink ဟာ အာရှနိုင်ငံတွေသာမက အနောက်နိုင်ငံတွေအထိပါ အောင်မြင်ကျော်ကြားလာတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ လက်ရှိ  YG Entertainment က Seungri အမှုကိစ္စနဲ့ စပ်လျဉ်းပြီး အခွန်ရှောင်ထားမှုကြောင့် ရှယ်ရာတွေကျဆင်းနေတုန်းမှာ Black Pink ရဲ့ လာမယ့် comeback နဲ့ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

Black Pink ဟာ ဂရမ်မီဆုပေးပွဲကြီးမှာ တက်ရောက်ဖျော်ဖြေခွင့်ရခဲ့ပြီး Good Morning America အစီအစဉ်မှာလဲ ပါဝင်နိုင်ခဲ့ပါတယ်။ အမေရိကတစ်ခွင် ဖျော်ဖြေရေး concert တွေကျင်းပနိုင်ခဲ့ပြီး ကမ္ဘာကအသိမှတ်ပြုတဲ့အဖွဲ့တစ်ဖွဲ့လို့ ပြောလို့ရနေပါပြီ။

လက်ရှိမှာ Kpop ကအနောက်နိုင်ငံတွေကိုပါ လွှမ်းမိုးထားတာကြောင့် ပရိတ်သတ်တစ်ယောက်က Little mix ရဲ့ twitter မှာ Kpop girl group ထဲမှာ ဘယ်သူနဲ့ တွဲဖက်သီဆိုချင်လဲ မေးခဲ့တဲ့အခါမှာတော့ Black Pink နဲ့အတူ သီချင်းသီဆိုချင်တယ်လို့ဖြေကြားထားပါတယ်။

Little Mix ဒီလိုပြောကြားထားတာကို ပရိတ်သတ်တွေက အတည်မယူပဲ နောက်နေတယ်လို့ထင်ခဲ့ကြတာပါ။ သို့ပေမဲ့ အင်တာဗျူး တစ်ခုမှာ Little Mix အဖွဲ့ဝင် Jade က Black Pink နဲ့အတူ တွဲဖက်သီဆိုဖို့ ခွင့်ပြုချက်ရပြီးပြီဖြစ်ကြောင်း မကြာခင်မှာ ပရိတ်သတ်ရှေ့ကို သီချင်းအသစ်နဲ့ရောက်ရှိလာတော့မှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

Black Pink ဟာ ဒီမတိုင်ခင်က အင်္ဂလန်အဆိုတော် Dua Lipa နဲ့ Kiss&Make up ဆိုတဲ့ သီချင်းထွက်ပြီးပါပြီ။ အခု Little Mix နဲ့ထွက်ရှိလာမယ့်သီချင်းကလဲ သိပ်မကြာတော့ပါဘူးတဲ့။ နားဆင်ကြည့်ဖို့ အတူစောင့်မျှော်လိုက်ကြရအောင်ပရိတ်သတ်ကြီးရေ။

(ပိုပိုလေး)

 


19 Mar 2019     1,289 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS