BEC-TERO TV

ဖုန်းအားသွင်းစဉ် ဂိမ်းဆော့နေသော ၇ နှစ်အရွယ်ကလေးငယ် ဓါတ်လိုက်သေဆုံး

19 Mar 2019     1,530 Views


အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး ဖုန်းကို အားသွင်းထားစဉ် ဂိမ်းဆော့နေရာက ဓါတ်လိုက်သေဆုံးမှု မတ်လ ၁၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။
 
 
အင်ဒိုနီးရှားနိုင်ငံ နူဆာတန်ဂါရာပြည်နယ် အရှေ့ဘက်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၇ နှစ်အရွယ်  Alfani Yeskiel Tuke အမည်ရသော ကလေးငယ်ကို နေအိမ် သံမန်တလင်းကြမ်းပြင်ပေါ်တွင် လဲကျနေကြောင်း အဖွားဖြစ်သူက တွေ့ရှိခဲ့သည်။ သူ့ရဲ့ လက်ထဲမှာလည်း လွန်ခဲ့တဲ့ ၁၅ လကြာကမှ ဝယ်ထားခဲ့တဲ့ မိုဘိုင်းဖုန်းကို ကိုင်လျှက်အနေအထားနဲ့ တွေ့ခဲ့ရခြင်းဖြစ်သည်။
 
 
ဖွားအေဖြစ်သူရဲ့ ပြောပြချက်အရ အဆိုပါနေ့ ညနေ ၅ နာရီအချိန်ခန့်က သူအပြင်မသွားခင်မှာ မြေးဖြစ်သူဟာ အခန်းထဲမှာ ဖုန်းသုံးနေတာကိုမြင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက် ၆ နာရီလောက်မှာ သူမအိမ်ပြန်ရောက်လာစဉ် မြေဖြစ်သူဟာ ကြမ်းပြင်ပေါ်မှာ အပေါ်ပိုင်းအဝတ်ဗလာနဲ့ လဲလျောင်းနေတာကို တွေ့ရပြီး အိပ်ပျော်နေတယ်လို့ပဲ ထင်ခဲ့ပါတယ်။ ဒါကြောင့် ကလေးကို နှိုးလိုက်တဲ့အခါ ဓါတ်လိုက်နေတာကို ထိတ်လန့်စွာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
 
 
အဖွားဖြစ်သူဟာ အိမ်နီးနားချင်းတွေကို အော်ဟစ်အကူညီတောင်းရာမှ ရောက်လာကာ အိမ်ရှိ လျှပ်စစ်မိန်းခလုပ်ကို ပိတ်ချလိုက်ပြီး ကလေးရဲ့ လက်ထဲက ဖုန်းကို ဖယ်ရှားပစ်လိုက်ပါတယ်။ ကလေးဟာ ဓါတ်လိုက်ခံရမှုကြောင့် သူ့ရင်ဘတ်နဲ့ ဝမ်းဗိုက်ပိုင်းတို့မှာ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။
 
ရဲတွေရောက်လာပြီး အမှုကို ဓါတ်လိုက်သေဆုံးမှုအဖြစ် စစ်ချက် မှတ်တမ်းယူခဲ့ကြပြီး အဖွားဖြစ်သူကတော့ ဂျာကာတာမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ ကလေးရဲ့ မိဘတွေကို ဆက်သွယ်ခဲ့ကြောင်း သိရှိရသည်။
 

19 Mar 2019     1,530 Views




RELATED

Most Popular of Special or Others

Most Popular of NEWS