BEC-TERO TV

ရီးရဲလ်အသင်းမှာ ကစားဖို့ အိပ်မက်တစ်ခုဖြစ်ပြီး အပြောင်းအရွေ့ စကားစလိုက်တဲ့ ပေါ့ဘာ

21 Mar 2019     1,303 Views


ရာသီအစက မန်ချက်စတာယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေဆက်တိုက်ကြုံတွေခဲ့ရပါတယ်။ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာလည်း နည်းပြ မော်ရင်ဟိုနဲ့ အဆင်မပြေမှုတွေဖြစ်ပေါ်ခဲ့ပြီး ခြေစွမ်းကျဆင်းမှုတွေ ကြောင့် ပွဲထက်ကစားသမားအဖြစ်ကနေ ချန်လှပ်ခြင်းခံခဲရပါတယ်။ အဲ့ဒီနောက် ပေါ့ဘာလည်း သူ၏အေဂျင့်ဖြင့်သူ ရိုင်အိုလာနဲ့ ဘာစီလိုနာအသင်းတွေတွေ့ ဆုံခဲ့ပြီး စပိန်ကလပ်ကို ပြောင်းရွေ့ ဖို့ သတင်းထွက်ခဲ့ပါသေးတယ်။

သို့သော်လည်း ယူနိုက်တက်က ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ နည်းပြမော်ရင်ဟို ကိုထုတ်ပယ်ပြီး ကစားသမားဟောင်း ဆိုးရှားကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပြီးနောက် ဆက်တိုက်နိုင်ပွဲရခဲ့သလို ပေါ့ဘာ လည်း အပြောင်းအရွေ့ သတင်းတွေ ရပ်တန့်သွားခဲ့ပါတယ်။

ယခုအပါတ်မှာတော့ ပေါ့ဘာဟာ နိုင်ငံတကာပွဲစဉ်တွေအတွက် ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေပြီး အပြောင်းအရွေ့  သတင်းတွေကို ပြောကြားလိုက်ပါတယ်။ ပေါ့ဘာဟာ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ထရစ်အသင်းမှာ ကစားဖို့ ဆန္ဒရှိနေပြီး ဒီအသင်းမှာ ကစားဖို့ဆိုတာ ကစားသမားတိုင်းရဲ့ အိပ်မက် တစ်ခုဖြစ်တယ်လို့ ဖွင်ဟ လိုက်ပါတယ်။

ပေါ့ဘာဟာ ပြင်သစ်အသင်းနဲ့ ပူးပေါင်းဖို ရောက်ရှိလာခဲ့ပြီး အင်တာဗျူးအစီအစဉ်တစ်ခုမှာ “ ရီးရဲလ်မက်ထရစ်အသင်းဟာ ကစားသမားတိုင်းရဲ့ အိပ်မက်ပါပဲ ၊ ရီးရဲဟာ ကမ္ဘာ့ အကြီးကျယ်ဆုံး ကလပ်ပါ။ ဒီအသင်းမှာ ပြင်သစ်သားကြီး ဇီဒန်းလည်း နည်းပြအဖြစ်အလုပ်လုပ်နေပါတယ်။ ”

“ လက်ရှိမှာတော့ ကျွန်တော်ဟာ ယူနိုက်တက်ကစားသမားတစ်ဦး ဖြစ်နေပြီး နောင်အနာဂါတ်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာတော့ မသိနိုင်ပါဘူး ၊ အခုလည်း ယူနိုက်တက်အသင်းမှာ ပျော်ရွင်နေပါတယ် ” လို့ဆိုပါတယ်။

အသက် ၂၆ နှစ် ရှိပြီ ဖြစ်တဲ့ ပေါ့ဘာ ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ ဖလားမှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ ဖလား ဆုကြီးကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ယူနိုက်တက်နဲ့လည်း ယူရိုပါလိဂ် ၊ ဂျူဗင်တပ်စ်အသင်းနဲ့လည်း အမှတ်ပေးဖလား စတဲ့ ဖလား အသီးသီး ကိုရယူနိုင်ခဲ့ပါတယ်။အခုလည်း ယူနိုက်တက်အသင်းအတွက် မရှိမဖြစ် ကစားသမားတစ်ဦးဖြစ်နေပြီး ကမ္ဘာ့  အကောင်းဆုံး ကွင်းလယ်လူတွေထဲ့မှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။


21 Mar 2019     1,303 Views




RELATED

Most Popular of Football

Most Popular of Sport