BEC-TERO TV

လူတွေမသိသေးတဲ့ IU ကလိုင်စင်ရရဲမေတစ်ယောက်ဆိုတဲ့အကြောင်း

21 Mar 2019     1,485 Views


လူအများက IU လို့သိကြတဲ့ အဆိုတော်၊ မင်းသမီးလေး Lee Ji Eun ဟာ တောင်ကိုးရီးယားရဲတပ်ဖွဲ့ ကအသိအမှတ်ပြုထားတဲ့ လိုင်စင်ရရဲမေတစ်ယောက်ဖြစ်ပါတယ်။

ရဲမေတစ်ယောက်အနေနဲ့ IU တာဝန်ယူရတဲ့အပိုင်းကတော့ anti-bullying ပါ။ anti-bullying ဆိုတာက ကျောင်းတစ်ကျောင်းမှာအုပ်စုဖွဲ့အနိုင်ကျင့်တာတို့၊ ပြင်ပ ပတ်ဝန်းကျင်မှာ အုပ်စုဖွဲ့ရိုက်နှက်တာမျိုးတွေမဖြစ်ပွားအောင် ကာကွယ်ပေးတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။ တောင်ကိုးရီးယားမှာ ဒီလို တစ်ဖက်သတ်အနိုင်ကျင့်မှုတွေများပြားတာကြောင့် anti-bullying အဖွဲ့ဖွဲ့ထားတာဖြစ်ပါတယ်။

အကယ်၍ လူတစ်ယောက်ဟာ သူ့ရှေ့မှာ အနိုင်ကျင့်စော်ကားနေတဲ့ အဖြစ်အပျက်မျိုးကို မြင်တွေ့ရတယ်ဆိုရင် ဖုန်းနံပါတ် 117 ကို ခေါ်ဆိုရမှာပဲဖြစ်ပါတယ်။ IU ဟာ ဒီလိုလှုပ်ရှားမှုမျိုးမှာ နာမည်ကြီး ဆယ်လီတစ်ယောက်အဖြစ်ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

IU ဟာ 2013, 2014 ခုနှစ်တွေအတွင်းမှာ  anti-bullying အဖွဲ့ဝင်တစ်ဦးအဖြစ်ပူးပေါင်းပါဝင်ခဲ့ပြီး 2016 နိုဝင်ဘာမှာတော့ အဖွဲ့ရဲ့ ကိုယ်စားလှယ် စီနီယာ ရဲမေတစ်ယောက်အဖြစ် ရာထူးတိုးသွားခဲ့တာပဲဖြစ်ပါတယ်။

IU တစ်ယောက် စီနီယာရဲမေအဖြစ် ရာထူးတိုးခြင်းခံရတဲ့အခါမှာ ရဲမှူးကြီး Seo Bum Soo က “IU သာဒီအတိုင်း လှုပ်ရှားမှုတွေမှာ နှစ်စဉ်ပုံမှန်တက်ကြွစွာပါဝင်သွားမယ်ဆိုရင် သူမ အသက် (၃၀) လောက်မှာ ရဲမှူးကြီးဖြစ်နေလောက်တယ်” ဟု ဟာသနှောပြောကြားထားပါတယ်။

တောင်ကိုးရီးယားရဲ့ Nation’s Sister လို့ အသိအမှတ်ပြုထားတဲ့ IU ဟာ ဆယ်ကျော်သက် ကျောင်းသားလေးတွေကို လွှမ်းမိုးထားနိုင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်သည့်အလျောက် IU ပြောတဲ့စကားတိုင်းဟာ ဆယ်ကျော်သက်လေးတွေအပေါ် အကျိုးသက်ရောက်မှုရှိလှပါတယ်။ဒီလိုပုံစံနဲ့ ကျောင်းသားအချင်းချင်း အနိုင်ကျင့်နှိပ်စက်ခြင်းကင်းဝေးသွားကြမယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ယုံကြည်ကြပါတယ်။ ဒါကြောင့်မို့ ရဲတပ်ဖွဲ့ဝင်တွေက anti-bullying မှာ IU ပူးပေါင်းပါဝင်တာကိုကျေးဇူးအထူးတင်ရှိခဲ့ကြပါတယ်။

(ပိုပိုလေး)

 


21 Mar 2019     1,485 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS