BEC-TERO TV

အကယ်ဒမီပွဲကို သိန်း ၅၀၀၀ တန်စိန်လက်စွပ်ဝတ်ပြီး ထူးခြားစွာတက်ရောက်မယ်လို့ ကျော်ကျော်နန္ဒပြော

21 Mar 2019     1,367 Views


ဖေ့စ်ဘွတ်ဆိုတဲ့ ဆိုရှယ်မီဒီယာကြီးက သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင် ဘေးဆိုသလို ဖေ့စ်ဘွတ်ပေါ်မှာထူးထူးဆန်းဆန်းတွေလုပ်ပြရင်း နာမည်ကြီးဆယ်လီဖြစ်လာကြတဲ့သူတွေကတော့ ယနေ့ခေတ်မှာရေတွက်မရနိုင်အောင်ရှိနေပါပြီ။ တစ်ချို့သောအနုပညာရှင်တွေကလည်း ဖေ့စ်ဘွတ်ကြီးကို ပရိသတ်တွေနဲ့ကြားခံနယ်ဆက်သွယ်မှုတစ်ခုအဖြစ် အသုံးများလာကြသလို နာမည်ကြီးလူသိများဖို့အတွက် အသုံးပြုလာကြတာမျိုးတွေလည်းရှိပါတယ်။

ထူးထူးဆန်းဆန်းတွေလုပ်ပြရင်း ဖေ့စ်ဘွတ်ကနေတစ်ဆင့် လူသိလာကြတဲ့သူတွေထဲမှာ ကျော်ကျော်နန္ဒကလည်း တစ်ယောက်အပါအ၀င်ပါ။ “ဆက်ပက်သင်္ကြန်” ဆိုတဲ့ သင်္ကြန်သီချင်းတစ်ပုဒ်ထဲနဲ့ ဝေဖန်မှုတွေဝက်ဝက်ကွဲကာ လူသိများဆယ်လီဖြစ်လာတဲ့ ကျော်ကျော်နန္ဒဟာဆိုရင် ထူးထူးဆန်းဆန်းဖက်ရှင်တွေကို ရွေးချယ်ဝတ်စားတက်သူဖြစ်ပါတယ်။

သူ့ရဲ့ဆန်းပြားတဲ့ဖက်ရှင်တွေကြောင့် ဝေဖန်မှုတွေပြင်းထန်ခဲ့သလို အောင်မြင်မှုတွေပါရရှိလာနေပြီဖြစ်တဲ့ ကျော်ကျော်နန္ဒဟာဆိုရင် မကြာသေးခင်ကအင်တာဗျူးတစ်ခုမှာ သင်္ကြန်မှာပွဲဌားမယ်ဆိုရင် သိန်း (၃၀၀) ပေးမှလိုက်မယ်ဆိုပြီး ပြောခဲ့တာကြောင့် အွန်လိုင်းတစ်ခွင်ဂယက်ထကာ ဆူညံခဲ့ပါသေးတယ်။ အနုပညာသက်တမ်း ၁၀ နှစ်ရှိပြီဆိုတဲ့ ကျော်ကျော်နန္ဒက ယခုတစ်ခါမှာတော့ အကယ်ဒမီပွဲတက်မယ့် သူ့ရဲ့ဖက်ရှင်ကို အင်တာဗျူးတစ်ခုကနေ ထုတ်ပြောလိုက်ပါတယ်။

ဖက်ရှင်ဆန်းတွေကိုသာ ၀တ်ဆင်ပြီးအခမ်းအနားပွဲတွေတက်ရောက်တဲ့ ကျော်ကျော်နန္ဒကတော့ ဒီနှစ်အကယ်ဒမီပေးပွဲကို တက်ရောက်မယ့်သူ့ရဲ့ဖက်ရှင်ကို  ကြိုတင်အသိပေးထုတ်ပြောလာတာဖြစ်ပါတယ်။ “အကယ်ဒမီပွဲကို ဒီနှစ်လည်းတက်မယ်၊ အရင်နှစ်တွေတုန်းကလည်း ဖက်ရှင်ဆန်းဆန်းလေးတွေနဲ့တက်တယ်။ ဒါပေမယ့် အရင်တုန်းကကိုယ့်ကို လူမသိသေးတာလဲပါတယ်၊ ပရိသတ်က အသိအမှတ်မပြုသေးတာလဲပါတယ်။ အခုက ပရိသတ်အသိအမှတ်ပြုတာ မပြုတာထက်ကို ကျွန်တော့်မှာပရိသတ်ရှိနေပြီ၊ ပရိသတ်အများကြီးရှိသွားပြီ။"

ဒီနှစ်အကယ်ဒမီကို အမြင်ဆန်းသစ်တာလေးနဲ့ တက်မှာ၊ တက်မယ်ဆိုတာက ရုပ်ရှင်အစည်းအရုံးက ခွင့်ပြုသတ်မှတ်ထားတဲ့အတိုင်းပါပဲ။ ကျွန်တော်က အရမ်းကိုဟော့ပြီးလာတဲ့ဆယ်လီတစ်ယောက်ဖြစ်တယ်ဆိုတာ သူတို့လဲမြင်မှာပါ။ ဒီနှစ်အကယ်ဒမီပွဲကို တိုင်းရင်းသားရိုးရာစစ်စစ် ၀တ်စုံလေးနဲ့တက်မယ်။ သူများတွေဝတ်သလိုမျိုး သိန်းသောင်းနဲ့ချီတန်အောင်တော့ မ၀တ်ပါဘူး ရိုးသားတဲ့တိုင်းရင်းသားဝတ်စုံလေးနဲ့တက်မယ်။ ဒါပေမယ့် ထူးခြားတာတစ်ခုတော့ရှိတယ်၊ ကျွန်တော် ဒီနှစ်အကယ်ဒမီကို သိန်း ၅၀၀၀ တန်စိန်လက်စွပ်ဝတ်ပြီး တက်မှာပါလို့ ကြွားလုံးထုတ်သွားခဲ့ပါတယ်။

ကဲ ပရိသတ်ကြီးရေ အဆိုတော်ကျော်ကျော်နန္ဒကတော့ သူ့ရဲ့အကယ်ဒမီပွဲတက်မယ့်ဖက်ရှင်ကို ကြိုတင်အသိပေးသွားပြီဖြစ်လို့ အကယ်ဒမီပွဲနေ့မှာ ကျော်ကျော်နန္ဒတစ်ယောက် တစ်ဖျက်ဖျက်လက်နေမယ့် သိန်း ၅၀၀၀ တန်စိန်လက်စွပ်ကြီးနဲ့ ဘယ်လိုတွေထင်ပေါ်နေမလဲဆိုတာ ဆက်လက်စောင့်ကြည့်ကြပါဦးဆို့လား…

Source_Kumudra

(ပိုပိုလေး)


21 Mar 2019     1,367 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment