BEC-TERO TV

အများနည်းတူ မြေအောက်ရထားစီးပြီး ပန်းတွေသွားကြည့်ခဲ့တဲ့ ဂူဟဲဆောင်း

22 Mar 2019     1,305 Views


မြန်မာနိုင်ငံမှာ F4 မင်းသမီးလေးလို့ လူသိများတဲ့ မင်းသမီးချောလေး ဂူဟဲဆောင်း ဟာ မာနတွေ ဘာတွေ သိပ်မကြီးတတ်ပဲ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တတ်သူဆိုပြီး နာမည်ကြီးသူလေးပါ။

ဂူဟဲဆောင်း သရုပ်ဆောင်ပိုင်နိုင်ကျွမ်းကျင်တယ်ဆိုတာတော့ သူ့ကားတွေကို ကြည့်ဖူးသူတိုင်းသိကြမှာပါ။ သို့ပေမဲ့ သူမ အိမ်ထောင်ကျပြီးကတည်းက ဇာတ်ကားတွေမရိုက်ဖြစ်တော့တာ တော်တော်ကြာပါပြီ။ ခင်ပွန်းသည် အန်ဂျယ်ဟွန်းကတော့ ဇာတ်ကားတွေကို တစ်ကားပြီးတစ်ကား ရိုက်ကူးနေပေမယ့် သူမကတော့ အိမ်ထောင်ကျပြီးကတည်းက မရိုက်ဖြစ်တော့တာတွေ့ရပါတယ်။ ချစ်ခင်ပွန်းကပဲ သူမကို သဝန်တိုလို့ ပေးမရိုက်လေသလား…..။

ဂူဟဲဆောင်းဟာ သရုပ်ဆောင်ဖြစ်ရုံသာမက ပန်းချီဆရာမတစ်ဦးလဲဖြစ်နေပြန်ပါတယ်။ သူမဟာ သရုပ်ဆောင်အလုပ်နဲ့ ပန်းချီဆွဲတဲ့အလုပ်နှစ်ခုလုံး ဘယ်အရာမှ လစ်လပ်မသွားအောင် လုပ်ကိုင်တတ်သူလေးပါ။ လက်ရှိမှာလဲ အိမ်ထောင်မှုကိစ္စတွေကို လုပ်ကိုင်ဆောင်ရွက်ရင်း ပရဟိတတွေကို ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။

ဒီလို မာနမကြီးတတ်သူလေးဟာ နယ်ကိုသွားလည်ခဲ့တဲ့ပုံပါပဲ။ ဒီလို နွေဦးရာသီအချိန်အခါဟာ တောင်ကိုးရီးယားမှာ ပန်းတွေပွင့်တဲ့ ရာသီချိန်ခါပဲဖြစ်ပါတယ်။

သူမဟာ ပန်းတွေသွားကြည့်ဖို့ လူအများနဲ့အတူ မြေအောက်ရထားစီးပြီးသွားခဲ့တာပါ။ သူမကို မည်သူမျှ ဂူဟဲဆောင်းမှန်းသတိမထားမိခဲ့ကြပါဘူး။ သူမရဲ့ instagram စာမျက်နှာမှာ နောက်တစ်ခါ ပန်းတွေပွင့်တဲ့အခါ ပြန်လာခဲ့ပါ့မယ် လို့ ရေးသားထားပါတယ်။

(ပိုပိုလေး)


22 Mar 2019     1,305 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS