BEC-TERO TV

အဘိုးအိုကြီးတစ်ယောက်လို မမှတ်မိနိုင်အောင်ပြောင်းလဲသွားတဲ့ အဆိုတော်ဝိုင်ဝိုင်း

26 Mar 2019     1,878 Views


အဆိုတော်ဝိုင်ဝိုင်းကိုတော့ လူကြီးလူငယ် ပရိသတ်တွေတိုင် မသိသူမရှိအောင် နာမည်ကြီးကျော်ကြားသူဖြစ်ပါတယ်။ အပြင်းစားရော့ခ်ဂီတ အဆိုတော်အဖွဲ့ဖြစ်တဲ့ Iron Cross ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၀ိုင်ဝိုင်းရဲ့ တစ်ကိုယ်တော်သီချင်းများစွာကလည်း ပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားခဲ့ပါတယ်။ 90’s Born မှာမွေးဖွားခဲ့တဲ့သူတော်တော်များများလည်း သူတို့ရဲ့သီချင်းသံစဉ်တွေနဲ့ ကြီးပြင်းလာကြသလို လူကြိုက်များအားပေးကြတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။

အဆိုတော် ၀ိုင်ဝိုင်းရဲ့ မဆုံတဲ့ဖူးစာ၊ သမင်လည်ပြန်၊ ဖြေသိမ့်လိုက်၊ လမင်းနဲ့ပင်လယ် စတဲ့ စတဲ့သီချင်းတွေဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ အအောင်မြင်ဆုံး လူကြိုက်အများဆုံးသီချင်းတွေဖြစ်ခဲ့ပါတယ်။ ၀ိုင်ဝိုင်းဟာ တစ်ကိုယ်တော်တေးသီချင်းတွေ ထွက်ရှိမှုနည်းသွားပေမယ့် IC အဖွဲ့နဲ့တော့ အတူလက်တွဲရင်း Show ပွဲတွေမှာ လိုက်လံဖျော်ဖြေနေဆဲဖြစ်ပါတယ်။ တစ်ခြားအဖွဲ့ဝင်တွေထက် ပရိသတ်နဲ့အထိအတွေ့နည်းတဲ့ ၀ိုင်းဝိုင်းရဲ့ပုံရိပ်အချို့က အွန်လိုင်းပေါ်မှာတက်လာခဲ့ပါတယ်။

ပရိသတ်တွေ တွေ့မြင်ဖူးသလိုမျိုးမဟုတ်တဲ့ အဆိုတော်ဝိုင်ဝိုင်းရဲ့ ပုံရိပ်တွေက အွန်လိုင်းပေါ်မှာပြန့်နှံ့နေပြီး မြင်ရသူအကုန်လုံးလဲ အံ့သြကုန်ကြရပါတယ်။ Iron Cross အဖွဲ့မှာ အသက်အငယ်ဆုံးလို့သိထားကြတဲ့ အဆိုတော်ဝိုင်ဝိုင်းဟာဆိုရင် အဘိုးကြီးတစ်ယောက်လို ပါးရေတွေ၊ နှဖူးရေတွေတွန့်ပြီး နှုတ်ခမ်းမွှေးတောင်ဖြူနေတဲ့ထိ အိုစာသွားတဲ့ပုံရိပ်တွေကြောင့် အားလုံးကအံ့အားသင့်သွားခဲ့ရတာဖြစ်ပြီး ၀ိုင်းဝိုင်းတစ်ယောက် အဲ့လောက်တောင်အိုစာနေပြီလားဆိုပြီး တွေးထင်စိတ်ပူနေကြတာလဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ အဘိုအိုကြီးလိုဖြစ်နေတဲ့ အဆိုတော်ဝိုင်ဝိုင်းရဲ့ ပုံတွေကတော့  လက်ရှိအပြင်ကပုံရိပ်အစစ်အမှန်မဟုတ်ပဲ အထူးစပါယ်ရှယ် Effect တွေသုံးပြီး အဘိုးအိုတစ်ယောက်နဲ့တူအောင် မိတ်ကပ်တွေနဲ့ပြင်ဆင်ထားခြင်းသာဖြစ်ပါတယ်။ မိတ်ကပ်အစွမ်းကောင်းလွန်းတာမို့ အဖိုးကြီးနဲ့တူနေတဲ့ အဆိုတော်ဝိုင်ဝိုင်းရဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။

(ပိုပိုလေး)

 

 


26 Mar 2019     1,878 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment