BEC-TERO TV

မွေးစားသားက ဆေးကြောင်ပြီး မိခင်ကို ဓါးဖြင့်လည်လှီးသတ် (ရုပ်သံ)

03 Apr 2019     1,524 Views


ဧပြီလ ၁ ရက်နေ့က ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပန်မြို့တွင် မွေးစားသားဖြစ်သူက မူးယစ်ဆေးဝါးကြောင့် ဆေးကြောင်ပြီး မိခင်အား ဓါးဖြင့် လည်ပင်းလှီးကာ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
 
 
 
အဆိုပါနေ့ နံနက် ၆ နာရီအချိန်က ဟိုပန်မြို့ မန်ကောင်းရပ်ကွက်၊ နဝဒေးလမ်းနေ ဒေါ်အောင်မြ သည် ရေချိုးခန်းအတွင်း မျက်နှာသစ်နေစဉ် သားဖြစ်သူ အိုက်စိုင်းမှ နောက်ကသိုင်းဖက်ပြီး ဓားဖြင့် လှီးခဲ့ရာ ပါးစပ် ဘယ်ဘက်လက်နှင့် လည်ပင်းတို့တွင် ပြန်ရှဒဏ်ရာများနဲ့ သေဆုံးခဲ့သည်။ အခင်ဖြစ်ပွားစဉ် ဝင်ဆွဲခဲ့သူ မအေးမွေ မှာလည်း လည်ပင်းပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
 
 
*ရုပ်သံကြည့်မရပါက “Watch on Facebook” ကိုနှိပ်ပါ*
 
အဆိုပါဒေသတွင် မူးယစ်ဆေးဝါးများ လွယ်ကူစွာဝယ်ယူရရှိနိုင်သဖြင့် လူငယ်များကြား မူးယစ်ဆေးဝါးသုံးဆွဲမှု မြင့်တက်နေပြီး ထိန်းချုပ်မှုလည်း မရှိကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
 
သတင်း/ဓါတ်ပုံ - ဟိုပင်သား 
 

03 Apr 2019     1,524 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS