BEC-TERO TV

ရက်ပ်ပါ Nipsey Hussle ကို သေနတ်နဲ့ ပစ်သတ်ခဲ့သူအား ဖမ်းဆီးရမိ

03 Apr 2019     1,318 Views


အမေရိကန် ရက်ပ်အဆိုတော် Nipsey Hussel ကို သေနတ်နဲ့ ပစ်သတ်ခဲ့သူအား လော့စ်အိန်းဂျလိစ်ရဲအဖွဲ့က ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။
 
 
အသက် ၂၉ နှစ်အရွယ် သေနတ်သမား ‘Eric Holder’ ကို လော့စ်အိန်းဂျလိစ်မြို့ အရှေ့တောင်ဘက် မိုင် ၂၀ အကွာက ဘဲလ်ဖလားဝါးမြို့မှာ ဖမ်းဆီးရမိခဲ့ကြောင်း ရဲအရာရှိ Jeffrey Lee က ပြောကြားခဲ့ပါတယ်။
 
 
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရက်ပ်ပါ “Hussel” ရဲ့ အဝတ်အစားအရောင်းဆိုင် The Marathon ရဲ့ အပြင်ဘက်မှာ သူတို့နှစ်ယောက် အကြိမ်ကြိမ် စကားများခဲ့ကြပါတယ်။ အဲဒီနောက် “Holder” က သေနတ်သွားယူကာ ပြန်ရောက်လာခဲ့ပြီး “Hussel” နဲ့အတူ နောက်ထပ် နှစ်ဦးကိုပါ သေနတ်နဲ့ ပစ်ခဲ့ပါတယ်။ သေနတ်ဒဏ်ရာကြောင့် ရက်ပ်ပါ “Hussel” သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးကတော့ အသက်ရှင်ခဲ့တယ်လို့ ရဲမှူးကြီး Michel Moore က ပြောကြားခဲ့ပါတယ်။
 
 
သူတို့နှစ်ဦး ဘယ်လိုအကြောင်းအရာတွေကို ငြင်းခုံပြီး ပစ်ခတ်မှုဖြစ်ခဲ့ရတယ် ဆိုတဲ့ အသေးစိတ်ကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။ သူတို့နှစ်ဦးစလုံးဟာ လမ်းပေါ်က ဂိုဏ်းအဖွဲ့နဲ့ ပက်သက်နေတာမှန်ပေမယ့် အခုအငြင်ပွားမှုဟာ ကိုယ်ရေးကိုယ်တာ ကိစ္စသာဖြစ်ပြီး ဂိုဏ်းကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။
 
 
ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် “Holder” က အသင့်စောင့်ဆိုင်းနေတဲ့ ကားပေါ်တက်ပြီး ထွက်ပြေးသွားတာကို အမျိုးသမီးတစ်ဦးက မြင်ခဲ့ပါတယ်။ အဲဒီနောက် ရဲအဖွဲ့က တိုက်ရိုက်လွှင့်ရုပ်သံကနေ “Holder” ကို အဖမ်းခံဖို့ ထုတ်လွှင့်ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒေသခံတွေရဲ့ ပူးပေါင်းကူညီမှုနဲ့ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

03 Apr 2019     1,318 Views




RELATED

Most Popular of International News

Most Popular of NEWS