BEC-TERO TV

နွေရာသီမှာ ရေခဲရေသောက်ခြင်းဖြင့် ရရှိလာနိုင်မယ့် ဆိုးကျိုးများ

03 Apr 2019     2,434 Views


ပူပြင်းလှတဲ့ နွေကာလတွေမှာ ရေခဲရေအေးအေးလေးသောက်မှ အမောပြေတတ်တာ ပါပဲနော်။ တကယ်တော့ ပူပြင်းတဲ့အချိန်မှာ ရေခဲရေများများသောက်ပေးခြင်းဟာ ရေပိုဆာစေတဲ့ အကြောင်းအရင်းဖြစ်နေပါတယ်။ အဲ့ဒီအကြောင်းအရင်းတွေက ဘာတွေလဲဆိုတာကို ပိုပိုလေးမှ တင်ဆက်ပေးလိုက်ပါတယ်။

အစာချေဖျက်ဖို့ အနှောင့်အယှက်ပေးခြင်း

ရေခဲရေမှာ ပါဝင်တဲ့ အအေးဓာတ်ဟာ သွေးလေလည်ပတ်မှုကို နှေးကွေးစေပြီး အစာချေဖျက်မှုစွမ်းအားကိုလဲနှောင့်နှေးစေနိုင်ပါတယ်။ ရေခဲဟာ ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ထိန်းညှိဖို့ကြိုးစားပြီး သင့်ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်အောင်ပြုလုပ်ပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်ဟာ  ၃၇ ဒီဂရီဆယ်စီးယက် ရှိပြီး ရေခဲရေသောက်လိုက်တဲ့အခါမှာတော့ ကိုယ်အပူချိန်ဟာသာမန်ထက်လျော့နည်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ရေခဲရေသောက်သုံးခြင်းဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေအတွင်း ပုံမှန်လည်ပတ်မှုကို နှောင့်နှေးစေတာဖြစ်ပါတယ်။ ပုံမှန်ကိုယ်အပူချိန်ကို ပြန်လည်ရရှိဖို့ ခန္ဓာကိုယ်လှုပ်ရှားမှု အနည်းငယ်ပြုလုပ်နိုင်ပါတယ်။

လည်ချောင်းနာ အာခေါင်ခြောက်ခြင်း

နွေရာသီမှာ နေကပူပူ နဲ့ ရေခဲရေတွေသောက်နေမယ်ဆိုရင်တော့ အာခေါင်ခြောက်ခြင်း ဝေဒနာကို အလွယ်တကူခံစားရစေမှာပါ။ အာခေါင်ခြောက်လာပြီး ချောင်းခြောက်ဆိုးတာတွေတောင်ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ချောင်းခြောက်ဆိုးတာဟာ အင်မတန်မှနေရခက်တယ်ဆိုတာ ဆိုးဖူးသူတိုင်းသိကြမှာပါနော်။ နောက်တစ်နည်းကတော့ နွေနေပူပူမှာ ရေခဲရေသောက်နေရင် အာသီးရောင်လာပြီး လည်ချောင်းနာလာတတ်ပါတယ်။ အာသီးရောင်တာဟာပေါ့စရာကိစ္စတစ်ခုမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လည်ချောင်းနာတာတို့ဘာတို့ဟာ အာသီးရောင်တာကနေ စတတ်တာမို့ပါ။

နှလုံးခုန်နှုန်းကို နှေးကွေးစေတယ်

ရေခဲရေဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့အလိုအလျောက်သွေးကြော စစ်စတမ်ကို ကပြောင်းကပြန်ဖြစ်စေပါတယ်။ ဒီလိုဖြစ်တာဟာ နှလုံးခုန်နှုန်းကို သာမန်ထက် နှေးသွားစေပြီး သွေးဖိအားလျော့နည်းလာကာ သွေးပေါင်ကျစေနိုင်ပါတယ်။
 
ဒီလောက်ဆို နွေနေပူပူမှာ ရေခဲရေ ဘာကြောင့်မသောက်သင့်ဘူးလဲဆိုတာကို ပရိတ်သတ်ကြီးလဲသိလောက်ပြီနဲ့တူပါတယ်။ ရေခဲရေအေးအေးလေးမှသောက်ချင်တယ်ဆိုတဲ့သူတွေလဲ သတိထားဖို့ လိုနေပါပြီနော်။

(ပိုပိုေလး)

 

.

 


03 Apr 2019     2,434 Views




RELATED

Most Popular of Health Fix

Most Popular of Life Style