BEC-TERO TV

အသက် ၁၉ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးအား ငွေဖြင့် ဝယ်ယူခဲ့တဲ့ တရုတ်နိုင်ငံသားကို အရေးယူ

04 Apr 2019     1,292 Views


ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က ညနေ ၄ နာရီခန့်က ဆိပ်ကြီးခနောင်တိုမြို့နယ်နေ မ---(၁၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံသားနှင့်လက်ထပ်ရန် ဝယ်ယူမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
ဖြစ်စဉ်မှာ အသက် ၁၉ နှစ်အရွယ်အမျိုးသမီးကို ချိရှောင်ချန်း လို့အမည်ရတဲ့ တရုတ်နိုင်ငံသားတစ်ဦးက ငွေကျပ်(၄၅)သိန်းဖြင့် ပွဲစားအမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်ဝယ်ယူခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံသား ချိရှောင်ချန်းနှင့်အတူ ကျောက်တံတားမြို့နယ်နေ မစန္ဒာ(၄၈) နှစ်ပါ မ ၃ ဦး လိုက်ပါလာခဲ့သည်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

မစန္ဒာဆိုသူနှင့် အတူပါ အမျိုးသမီး ၃ ဦးမှလည်း တရုတ်နိုင်ငံသားနှင့် ပေါင်းသင်းရန် စည်းရုံးပြောဆိုကာ လက်မထပ်မီ ဘုန်းကြီးဆွမ်းကပ်ရန် မစန္ဒာက ငွေကျပ် ၅ သိန်းပေးခဲ့ကြောင်း၊ မတ်လ ၃၁ ရက်တွင် နေအိမ်၌ ဘုန်းကြီးဆွမ်းကပ်၍ တရုတ်နိုင်ငံသားနှင့်အတူ လှိုင်သာယာမြို့နယ်၊(၆)ရပ်ကွက်ရှိ ကြာပန်းတည်းခိုခန်း၌ အတူတည်းခိုနေထိုင်ခဲ့တယ်လို့ သိရပါတယ်။

လူကုန်ကူး ခံရတဲ့ အမျိုသမီး ကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ လွန်ခဲ့သော ၅ ရက်ခန့်က လှိုင်သာယာမြို့နယ်၊ (၅) ရပ်ကွက်နေ မနုနုခင်(၃၃)နှစ်က တရုတ်အမျိုးသား ချိရှောင်ချန်း(၃၃)နှစ် (ပတ်စပို့စ်နံပါတ် EE-9755725၊ ဗီဇာနံပါတ် 1A-219954၊ အလည်အပတ်ဗီဇာ၊ သက်တမ်း ၂၃-၃-၂၀၁၉ မှ ၂၂-၄-၂၀၁၉ ထိ) လီလင် မြို့၊ ဟူနန်ပြည်နယ်၊ တရုတ်နိုင်ငံနေသူနှင့် လက်ထပ်ပေါင်းသင်းပါက ငွေကျပ် ၄၅ သိန်းရမည် ဖြစ်ကြောင်း၊ တစ်နှစ် ပေါင်းသင်းပြီးပါက မြန်မာနိုင်ငံသို့ ပြန်လာရမည်ဟု ပြောဆိုသဖြင့် စားဝတ်နေရေး အခက်အခဲကြောင့် သဘောတူလက်ခံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိတွင် ချိရှောင်ချန်းနှင့် မနုနုခင် ပါ မ(၄)ဦးတို့အား ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်း (ပ) ၇၉/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူထားတယ်လို့ သိရပါတယ်။
 
Source ; mizzimaburmese

04 Apr 2019     1,292 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS