BEC-TERO TV

လူစားလဲတာ မကျေနပ်လို့ နည်းပြ အမ်မရီကို ကုတ်အင်္ကျီနဲ့ ပစ်ပေါက်ခဲ့တဲ့ အိုဇေးလ်

08 Apr 2019     1,328 Views


မနေ့က အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းကို ၁-၀ ဖြင့်ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်ကစားသမား အိုဇေးလ်ဟာ ကုတ်အင်္ကျီနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ကုတ်အင်္ကျီက နည်းပြအမ်မရီကို ပစ်ပေါက်ခဲ့ဟန်နဲ့တူပါတယ်။

အဆိုပါပွဲစဉ်မှာ အိုဇေးလ်ဟာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ခြေစွမ်းမပြနိုင်လို့ ဒုတိယပိုင်း ၇၄ မိနစ်မှာ အီဝိုဘီနဲ့ လူစားလဲခံခဲ့ရပါတယ်။ထို့နောက် မကြာခင်မှာ အိုဇေလ်းကပစ်ပေါက်ခဲ့တာပါ။

ထိုစဉ်မှာ အဲဗာတန်အသင်းနည်းပြအဖွဲ့နဲ့ အာဆင်နယ်နည်းပြအဖွဲ့တို့ကြားအချင်းများနေတဲ့အချိန်မို့ သူပစ်ပေါက်ချက်ဟာ ဘယ်သူကို ပစ်ပေါက်သလဲဆိုတာ မသဲကွဲခဲ့ပေးမယ် ပရိတ်သတ်နဲ့ မီဒီယာ တစ်ချို့ အမ်မရီကို ပစ်ပေါက်ခဲ့တာဖြစ်နိုင်တယ်လို့မှတ်ချက်ပေးခဲ့ကြပါတယ်။

ဒီရာသီမှာ အိုးဇေလ်ဟာ နည်းပြအမ်မရီနဲ့ အချေ့အတင်ပြသာနာလေးတွေရှိနေပြီး ပွဲစဉ်တိုင်းမှာလည်း ကစားခွင့် ဆုံးရှုံးထားပါတယ်။ အခုနောက်ပိုင်းပွဲစဉ်မှသာ အိုဇေးလ် ပြန်လည်နေရာ ရထားခဲ့တာဖြစ်ပါတယ်။


08 Apr 2019     1,328 Views




RELATED

Most Popular of Football

Most Popular of Sport