BEC-TERO TV

ခါးနာ ဇက်နာ ပျောက်တယ်ဆိုတဲ့ ထူးဆန်းတဲ့ လေ့ကျင့်ခန်း ခေတ်စားနေ (ရုပ်သံ)

11 Apr 2019     4,332 Views


ထူးခြားဆန်းပြာသော ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်နည်းတစ်မျိုးက တရုတ်နိုင်ငံမှာ လတ်တလော ခေတ်စားလို့နေပါတယ်။ ဘားတန်းအမြင့်တစ်နေရာမှာ တွဲလောင်းချထားတဲ့ မေးသိုင်းကြိုးမှာ ဦးခေါင်းချိပ်ပြီး  ဇက်ကိုအားပြုကာ လေထဲမှာတန်းလန်းဆွဲပြီးနေရတဲ့ လေ့ကျင့်ခန်းကို အသက်ကြီးပိုင်းလူတွေ လုပ်လာကြတာ နေရာအနှံ့မှာ တွေ့နေရပါတယ်။
 
 
ဦးခေါင်းကို ချိပ်လို့ရအောင် အထူးစီမံထားတဲ့ ကြိုးသိုင်းနဲ့ မေးရိုးကိုချိပ်ထားပြီး လေထဲမှာ တန်းလန်းနေတာ၊ လွှဲတာတွေ လုပ်တာကိုတွေ့ရပါတယ်။ ဒီလိုလုပ်တာဟာ သူတို့ခံစားနေရတဲ့ ခါးနာ၊ ဇက်နာတဲ့ ဝေဒနာတွေ သက်သာသွားတယ်လို့ ပြောပါတယ်။
 
 
ရှန်ဒုန်းစီရင်စုင် အသက် ၆၈ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးက ဒီပစ္စည်းက သူ့ရဲ့ဇက်ကျောတွေကို ဆွဲဆန့်ရာမှာ အထောက်အကူပြုတယ်လို့ဆိုပါတယ်။ ဒီလေ့ကျင့်ခန်း လုပ်ပြီးတဲ့နောက် ကျောရိုးပြသနာတွေအတွက် ဆေးကုစရာတောင်မလိုပဲ သက်သာသွားလို့ တစ်နေ့ကို မိနစ် ၃၀ ပုံမှန် ဦးခေါင်းကို ချိပ်ဆွဲတယ်လို့ ဆိုပါတယ်။
 
 
ရုပ်သံမှာတော့ အသက်ကြီးပိုင်း ပင်စင်စားလူကြီးတွေက သူတို့ရဲ့ ဦးခေါင်းကို ကြိုးနှစ်ခုကြားထဲမှာ သေချာထည့်ပြီး မေးရိုးမှာ ချိပ်ဆွဲပြီး လေ့ကျင့်ခန်းလုပ်နေကြတာ တွေ့ရပါတယ်။ သူတို့တွေဟာ ဒီလိုချိပ်ထားရင်းနဲ့တောင် တစ်ရေးအိပ်လို့ရတယ်လို့ ဆိုပါတယ်။
 
 
 
ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ ဒီလိုလုပ်တာဟာ ဦးခေါင်ပိုင်းဝေဒနာ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပြီး မိနစ် ၃၀ ထက် ပိုပြီးလေ့ကျင့်ပါက လည်ပင်းရိုး ဒဏ်ရာနဲ့ ကြွက်သားတစ်ရူးတွေ ထိခိုက်နိုင်တယ်လို့ သတိပေးထားပါတယ်။ ဒီလိုမျိုး ဦးခေါင်းကို ချိပ်ဆွဲထားတဲ့အချိန်မှာ လှုပ်ရှားမှု ကြီးကြီးမားမားတွေ မလုပ်သင့်ဘူးလို့လည်း အကြံပေးထားပါတယ်။
 
 

11 Apr 2019     4,332 Views




RELATED

Most Popular of Special or Others

Most Popular of NEWS