BEC-TERO TV

တစ်ပါတ်လုပ်ခ ပေါင် ၂ သိန်းအထိ အလိုရှိနေပြီး ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ရပ်ဖို့စ်

18 Apr 2019     1,340 Views


မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား မားကပ် ရပ်ဖို့စ်ဟာ သူရဲ့လုပ်ခလစာ တစ်ပါတ်ကိုပေါင် ၂ သိန်းခန့်အလိုရှိနေတယ်လို့ သိရပါတယ်။ ရက်ဖို့စ်ရဲ့ စာချုပ်သက်တမ်းက ၂၀၂၀ မှာကုန်ဆုံးမှာ ဖြစ်သော်လည်း ဘာစီလိုနာ ကလည်း ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။

ရပ်ဖို့စ်ဟာ မန်ယူအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး နည်းပြဆိုးရှာလ်း လက်ထက်တွင် ခြေစွမ်းပြကာ ၄၂ ပွဲကစားထားပြီး ၁၃ ဂိုးသွင်းပြီး ၉ ဂိုးအထိ ဖန်တီးမှုပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ မန်ယူအသင်းက ချန်ပီယံလိဂ်မှာ ဘာစီလိုနာကိုရှုံးနိမ့်ပြီးပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်ပါတယ်။ ပြိုင်ပွဲစုံမှ ထွက်ခဲ့ရတဲ့ မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက်  ရုံးကန်နေရပြီ ချန်ပီယံလိဂ်ဝင်ခွင့်သာ မရရှိပါက လူငယ်ကြယ်ပွင့် ကစားသမားအများစုကို ထိန်းသိမ်းနိုင်ဖို့ ခက်ခဲသွားနိုင်ပါတယ်.။


18 Apr 2019     1,340 Views




RELATED

Most Popular of Football

Most Popular of Sport