BEC-TERO TV

မတရား စော်ကားသတ်ဖြတ်ခံရမှုအတွက် တမလွန်မှ ပြန်ရောက်လာသူ (ရုပ်သံ)

22 Apr 2019     1,564 Views


သင်္ကြန်အကြိုနေ့က ရေကစားပြီးအပြန် မသမာသူ လူ ၃ ယောက်က ဝိုင်းဝန်းအနိုင်ကျင့် စော်ကားပြီး အလောင်းဖျောက်ဖျက်ခံထားရသည့် မိန်းကလေးတစ်ဦးက မကျွတ်လွတ်နိုင်ပဲ သူမရဲ့ အဖြစ်ဆိုးကို အမှုမှန်ပေါပေါက်ဖို့ တရားနာနေတဲ့ မိန်းကလေးတစ်ဦးရဲ့ ကိုယ်ထဲဝင်ပူပြီး အဖြစ်မှန်ပြောပြတဲ့ ရုပ်သံ လူမှုကွန်ယက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။
 
ရုပ်သံများအရ အသတ်ခံရသူ မိန်းကလေးဟာ “မြမြ” လို့ အမည်ရပြီး ဧရာဝတီတိုင်း ငသိုင်းချောင်းကနေ ရန်ကုန်မြို့ပေါ်တက်ပြီး အဆောင်နေကာ မိသားစုအတွက် ဖိနပ်စက်ရုံမှာ အလုပ်လုပ်ကိုင်တဲ့ အလုပ်သမလေးဖြစ်ပါတယ်။
 
သင်္ကြန်အတက်နေ့က ရေကစားပြီးအပြန် မိုးချုပ်သွားချိန်မှာ မွေ့ယာစက်ရုံက အလုပ်သမား ၃ ယောက် သူမကို စော်ကားအနိုင်ကျင့်ပြီးနောက် သတ်ဖြတ်ကာ အလောင်းကို ဖျောက်ဖျက်ခံခဲ့ရပါတယ်။ သူမ သေဆုံးခဲ့တာကို မိဘဖြစ်သူတွေ မသိသေးတာကတစ်ကြောင်း၊ မတရားခံရတာကို အမှုမှန်ပေါ်စေချင်တာကတစ်ကြောင်းတို့နဲ့ တရားနာသံကြားရာကို ရောက်လာပြီး မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်မှာ ဝင်ပူပြီး သံဃာတော်များကို အကူညီပေးဖို့ လျှောက်နေပါတယ်။
 
ဒီနေရာကိုရောက်အောင် လမ်းစောင့်နတ်တွေကိုလည်း အသနားခံခဲ့ရပြီး သူ့နောက်မှာ လိုက်လာပြီး ပြန်ခေါ်နေကြသူတွေရှိတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် သူမရဲ့အလောင်း မြုတ်ထားတဲ့နေရာကို မေးမြန်းကြပေမယ့် ပြန်ပြောဖို့ တားဆီးခံနေရတဲ့အတွက် သံဃာတော်တွေအနေနဲ့ သူမပြောခွင့်ရအောင် ခွင့်တောင်းပေးကြဖို့ ပြောဆိုတဲ့ ရုပ်သံ ဖြစ်ပါတယ်..။  ရုပ်သံအပြည့်အစုံကို ဆက်လက်ကြည့်ရှုပါဦး..။
 
 
နောက်ဆက်တွဲသတင်းအရ တောင်ဒဂုံလိုင်စင်ရုံးအနီး ဖြစ်ပျက်ခဲ့ပြီး သေဆုံးသူမှာ ဧရာဝတီတိုင်း ငသိုင်းချောင်းနေ “မြမြ” ဖြစ်ကာ မိဘအမည်များမှာ ဦးသာရင် နဲ့ ဒေါ်ခင်ကြည် ဖြစ်ကြောင်း၊ သူမဟာ ကျောက်စိမ်းဖိနပ်စက်ရုံမှ အလုပ်သမလေး ဖြစ်ပြီး အနိုင်ကျင့်သတ်ဖြတ်သွားသူ ၃ ဦးမှာ မွေ့ယာစက်ရုံမှ အလုပ်သမားများ ဖြစ်တယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းအရသိရှိရပါတယ်။
 

 


22 Apr 2019     1,564 Views




RELATED

Most Popular of Special or Others

Most Popular of NEWS