BEC-TERO TV

အမျိုးသားတွေ လေ့ကျင့်ခန်းလုပ်စရာမလိုပဲ Six-packs ချက်ခြင်း ထုတ်လို့ရပြီ

30 Apr 2019     2,513 Views


ယောကျ်ားဆန်ဆန်လည်း ဘော်ဒီလှချင်တယ်၊ ချွေးသံရွှဲရွှဲနဲ့ ပင်ပင်ပန်းပန်း လေ့ကျင့်တွေလုပ်ရမှာလည်း ပျင်းတယ်ဆိုတဲ့ အမျိုးသားတွေအတွက် သတင်းကောင်းလေး ဖြစ်မယ်ထင်ပါတယ်။ 
 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အမျိုးသားတွေရဲ့ ဝမ်းဗိုက်ကြွက်သား Six-packs ဖြစ်အောင် ခွဲစိတ်ပြုပြင်ပေးတဲ့ နေရာလေး တစ်ခုရှိနေပါပြီ။ အလှအပပြုပြင်တာနဲ့ ပက်သက်ရင် နှာခေါင်းပြုပြင်တာ၊ ရင်သားကြီးအောင် ပြုပြင်တာ၊ မျက်ရစ်ဖော်တာလောက်သာ ကြားဖူးကြပေမယ့် အခုလို Six-packs ဖြစ်အောင် ပြုပြင်တာကတော့ နဲနဲအသစ်အဆန်း ဖြစ်နေပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
 
 
ဒီဝန်ဆောင်မှုတွေ အားလုံးကို ဘန်ကောက်မြို့က Masterpiece Hospital မှာ ပြုလုပ်နိုင်ပါတယ်။ ဆေးရုံရဲ့ CEO ဖြစ်တဲ့ ခွဲစိတ်ဆရာဝန် Raweewat က Six-packs အတွက် ခွဲစိတ်ဖို့ တောင်းဆို ပြုပြင်တာတွေ တစ်နှစ်မှာ အယောက် ၂၀ ကနေ ၃၀ လောက်ထိ ရှိတယ်လို့ ဆိုပါတယ်။
 
 
Six-packs ဖြစ်အောင် ပြုပြင်တဲ့နေရာမှာ ဆီလီကွန်တွေ အစားထိုးတာမျိုး မဟုတ်ပဲ ဝမ်းဗိုက်သားက အဆီတွေကို ခွဲထုတ်ပြီးမှ သဘာဝအတိုင်း ကြွက်သားအဖုအထစ် Six-packs ဖြစ်လာအောင် ပြုပြင်ပေးတာဖြစ်လို့ ကြာရှည်လည်း ခံတယ်လို့ ဆိုပါတယ်။
 
ခွဲစိတ်နေစဉ်မှာ နာကျင်မှုကို မခံစားရပေမယ့် ခွဲစိတ်ပြီးပြီးခြင်း ပုံစံကတော့ ကြည့်ချင်စရာသိပ်မကောင်းပါဘူး။ ဖယ်ရှားလိုက်တဲ့ အဆီပိုတွေနေရာမှာ ဝင်လာတဲ့ သွေးတွေကို စုပ်ထားနိုင်အောင် ပတ်တီးတွေ စည်းပေးထားပါတယ်။ 
 
တစ်ကယ်တော့ အခုလို Six-packs ရချင်လို့ လာရောက်ခွဲစိတ်ပြုပြင်တဲ့ လူနာတွေ့ရဲ့ ၉၀% လောက်က အားကစားလိုက်စားကြသူတွေဖြစ်ပါတယ် ဒါပေမယ့် Six-packs ရတဲ့ထိတော့ မကစားနိုင်ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ခွဲစိတ်ပြုပြင်ပြီး Six-packs ရသွားလို့ ပျော်ရွှင်နေကြသူတွေထဲမှာ မော်ဒယ် Ome Pangpaparn လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အားကစားလေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် ကြိုးစားလုပ်ပေမယ့် ဝမ်းဗိုက်ပိုင်းက အဆီတွေဖြုတ်မချနိုင်တာကြောင့် ခွဲစိပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့အရင်တုန်းက ပုံတွေကိုလည်း ဖော်ပြခဲ့ပါတယ်။
 
 
“ကျွန်တော် လုပ်နိုင်တာတွေအကုန်လုပ်ခဲ့ပေမယ့် Six-packs ရဖို့တော့ မစွမ်းနိုင်တော့တာနဲ့ ဆရာဝန်တွေရဲ့ လက်ထဲအပ်လိုက်တာပါ။ ရလာဒ်ကတော့ မြင်တဲ့အတိုင်းပဲ ကျွန်တော် အရမ်းပျော်တယ်” လို့ ပြောပါတယ်။ 
 
 
ဒီတော့ Six-packs ချက်ခြင်းရချင်တဲ့ အမျိုးသားတွေလည်း ဘာလုပ်ကြမလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။ Masterpiece Hospital ရဲ့ ဖေ့စ်ဘွခ်ကိုလည်း လေ့လာနိုင်အောင် ဖော်ပြပေးထားပါတယ်။ Six-packs လေးနဲ့ဆိုတော့ ကမ်းခြေတွေမှာ ယုံကြည်ချက်အပြည့်နဲ့ လန်းလို့ရပြီလေ..။
 

30 Apr 2019     2,513 Views




RELATED

Most Popular of Special or Others

Most Popular of NEWS