BEC-TERO TV

မိခင်ဖုန်းပွတ်နေတာကြောင့် (၈)လသား ကလေးငယ် ကားကြိတ်ခံရ (ရုပ်သံ)

13 May 2019     1,480 Views


အသက် (၈)လသာ ရှိသေးတဲ့ကလေးငယ်လေးဟာ မိခင်ဖြစ်သူ ဖုန်းတစ်လုံးနဲ့ အွန်လိုင်းမှာ အလုပ်ရှုပ်နေခိုက် နေအိမ်ခြံဝင်းအပြင်ဘက်သို့ ထွက်သွားရာမှ ကုန်တင်လော်ရီကားကြီးအောက် ရောက်ခဲ့ပြီး ကားကြိတ်ခံခဲ့ရပါတယ်။
 
>>Read More ကို နှိပ်ပြီးဖတ်ရှုပါ<<
 
 
ထိုင်းနိုင်ငံအလယ်ပိုင်း ဆမတ်ပရာခမ် မှာရှိတဲ့ နေအိမ်ရှေ့ကားလမ်းမပေါ်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖြစ်ပွားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူ ‘ဝီလာဝမ်ပစ်ပန်’ က ဖုန်းပွတ်ပြီး လူမှုကွန်ယက်သုံးနေစဉ် သူမရဲ့ အသက် (၈)လအရွယ် သားငယ်လေး ရုတ်တရက်အိမ်ထဲကနေ အိမ်ပြင်ကို ထွက်သွားတာ မသိလိုက်ပါဘူး။
 
တိုက်ဆိုင်စွာပင် ကုန်တင်လော်ရီကားကြီးက သူတို့အိမ်ရှေ့က အဖြတ် ကလေးက ပြေးထွက်အလာနဲ့ ကြုံပြီး ကလေးဟာ ကားအောက်ရောက်သွားကာ နောက်ဘီးနဲ့ ကြိတ်ခံခဲ့ရတာကြောင့် နေရာတင်သေဆုံးခဲ့ပါတယ်။
 
 
စီစီတီဗီရုပ်သံမှာ ကလေးကားအောက်ရောက်သွားတဲ့ ထိန့်လန့်စရာအဖြစ်ပျက် မြင်ကွင်းကို တွေ့မြင်ခဲ့ရပါတယ်။ ကလေးဟာ ကားကြိတ်ခံရပြီး ဦးခေါင်းခွံကွဲအက်၊ ညာခြေထောက်ကျိုးကြေ ဒဏ်ရာများနဲ့ သေဆုံးသွားခဲ့ပါတယ်။
 
 
မိခင်ဖြစ်သူက ကလေး ခြံထဲမှာ ဆော့နေတာကို မြင်တွေ့နေခဲ့ပေမယ့် ပိတ်ထားတဲ့ ခြံတံခါးတွန်းဖွင့်ပြီး ထွက်သွားနိုင်မယ်လို့ မထက်ခဲ့မိတာပါ။ ခြံတံခါးက သေသေချာချာ မပိတ်ထားတာကြောင့် ကလေးငယ်က တွန်းဖွင့်ပြီး လမ်းမပေါ်ရောက်သွားတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ မိခင်က သူမရဲ့ ညီမနဲ့ အွန်လိုင်းမှာ စကားပြောနေတယ်လို့ သိရှိရပါတယ်။
 
အသက် ၆၁ နှစ်အရွယ် လော်ရီကားမောင်းသူဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို သွားဖို့ မောင်းလာစဉ် ရုတ်တရက် ကလေးရှေ့က ဖြတ်သွားတာကို ကွေ့ရှောင်လိုက်ပေမယ့် နောက်ဘီးနဲ့ မလွတ်ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ လမ်းကကျဉ်းတဲ့အတွက် အရှိန်မပါပဲ ဖြည်းဖြည်းမောင်နှင်သော်ငြားလည်း ရုန်တရက်အခြေနေမှာ မရှောင်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ လက်တစ်လောမှာတော့ ဖြစ်စဉ်ကို သက်ဆိုင်ရာက ဆက်လက်စုံစမ်းလျှက်ရှိပါတယ်။
 

13 May 2019     1,480 Views




RELATED

Most Popular of Special or Others

Most Popular of NEWS