BEC-TERO TV

လီဗာပူးလ်အသင်းကို ဖလားရဖို့ မျှော်လင့်မနေနဲ့ လို့ သတိပေးလိုက်တဲ့ ဆွန်ဟောင်မင်

15 May 2019     1,335 Views


စပါးအသင်းရဲ့ တောင်ပံကစားသမား ဆွန်ဟောင်မင်က လာမည့် ချန်ပီယံလိဂ် ဖိုင်နယ်မှာ လီဗာပူးလ်အသင်း ကို ဖလားမကိုင်ရဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ လီဗာပူးလ်အသင်းက စပါးအသင်းထက် ဖလားရဖို့ ပိုမိုရေပန်စားနေပြီး ၂ နှစ်ဆက် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ဗိုလ်လုပွဲမှာတော့ လီဗာပူးလ်က ရီးရဲလ်မက်ထရစ်အသင်းကို (၃-၁)နဲ့ အရေးနိမ့်ခဲ့ပြီး ဆုဖလားလက်လွှတ်ခဲ့ရပါတယ်။

ဆွန်ဟောင်မင်ဟာ ကွာတားဖိုင်နယ်အဆင့်မှာ မန်စီးတီးကို နှစ်ကျော့ပေါင်း သွင်းဂိုး ၃ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ရာမှာ သူ့ ရဲ့ သွင်းဂိုးတွေဟာ အရေးပါခဲ့တာဖြစ်ပါတယ်။ အခုလည်း လီဗာပူးလ်အသင်းကို အနိုင်ယူပြီး ဖလားသိမ်းပိုက်နိုင်ဖို့အတွက် ကြုံးဝါးခဲ့တာဖြစ်ပါတယ်။

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

" ကျွန်တော်ဒီပွဲမှာ ခြေစွမ်းပြကစားချင်ပြီး ချန်ပီယံလိဂ် ဖလားကိုမြှောက်နိုင်ဖို့ ကြိုးစာသွားမှာပါ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရတဲ့ ခံစားချက်ဟာ အမိုက်စားပါပဲ " လို့ ဆွန်ဟောင်မင်က ပြောကြားခဲ့ပါတယ်။

ဇွန်လ ၁ရက်နေ့မှာ စပါး နဲ့ လီဗာပူးလ်တို့ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် မက်ဒရစ်မြို့မှာ ကစားကြရမှာလည်း ဖြစ်ပါတယ်။ လီဗာပူးလ် နဲ့ စပါးတို့ဟာ ၂၀၁၂ ခုနှစ်မှာ ချယ်လ်ဆီးက ချန်ပီယံလိဂ်ဖလားရရှိပြီးနောက်ပိုင်း ၇ နှစ်အတွင်း ဆုဖလားရရှိမယ့် ပထမဆုံးအင်္ဂလန်ကလပ် အသင်းလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီနစ်မှာတော့ ဘယ်အသင်းက ချန်ပီယံလိဂ် ဖလားကို ကိုင်မြှောက်နိုင်မလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့


15 May 2019     1,335 Views




RELATED

Most Popular of Football

Most Popular of Sport