BEC-TERO TV

ဒုတိယမြောက်ရင်သွေးလေးကို လွယ်ထားနေရပြီဆိုတဲ့ သဉ္ဇာနွယ်ဝင်း

15 May 2019     1,340 Views


ချစ်စဖွယ်မျက်နှာလေးနဲ့ အပြုံးချိုချိုလေးတွေကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းဟာဆိုရင် တစ်ချိန်ကကြော်ငြာတွေ၊ သီချင်းဗီဒီယိုတွေထဲမှာ အများဆုံးတွေ့ရသူလေးဖြစ်ပြီး ဗီဒီယိုနဲ့ရုပ်ရှင်ကားကြီးတွေများစွာကိုလည်း ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက် အနုပညာအလုပ်တွေကနေ အနားယူသွားတဲ့ သဉ္ဇာနွယ်ဝင်းကတော့ ချစ်ရတဲ့ခင်ပွန်းနဲ့အတူ ချစ်စရာအလွန်ကောင်းတဲ့ သားလေးကိုမွေးဖွားကာ အေးချမ်းသာယာတဲ့ဘ၀လေးကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

တစ်သားမွေးတစ်သွေးလှဆိုသလို ခေးမေမေဖြစ်သွားပေမယ့်လည်း အလှမပျက်လှနေဆဲပဲဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းကိုတော့ ပရိသတ်တွေကချစ်ခင်အားပေးနေကြဆဲပါ။ သားလေးနဲ့ မိသားစုအတွက်သာအချိန်ပေးရင်း ခင်ပွန်းရဲ့အချစ်တွေနဲ့အတူ တည်ငြိမ်အေးချမ်းတဲ့ဘ၀လေးမှာ ပျော်ရွှင်နေတဲ့ သဉ္ဇာနွယ်ဝင်းကတော့ ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားနေရပြီဖြစ်ပါတယ်။

သူမမှာ ဒုတိယမြောက်ကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းကိုတော့ အင်တာဗျူးတစ်ခုကနေ ပရိသတ်ကြီးကိုအသိပေးလိုက်တာပဲဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက ဒုတိယမြောက်ကလေးကိုတော့ သမီးလေးလိုချင်ကြောင်းကို  “အနုပညာပြန်လုပ်ချင်တဲ့ စိတ်တော့ ရှိပါတယ်။ ခု ကလေးနဲ့ဆိုတော့ ပြန်တော့မလုပ်ဖြစ်တော့ပါဘူး။ ခုလည်း နောက်ကိုယ်ဝန်နဲ့ တော့ အနုပညာပြန်လုပ်လို့မရတော့ပါဘူး။ ကိုယ်ဝန်က (၃)လ ရှိပါပြီ။ သင်ဇာကတော့ မိန်းကလေးလိုချင်ပါတယ်။ ဒါမဲ့လည်း ဘာလေးပဲဖြစ်ဖြစ် ပျော်ပါတယ်။” ဆိုကာ သူမရဲ့ဒုတိယမြောက်ကိုယ်ဝန်နဲ့ပတ်သက်ပြီး ခံစားချက်တွေကိုပြောပြသွားတာပဲဖြစ်ပါတယ်။

မကြာခင်မှာပင် ခေးနှစ်ယောက်မေမေဖြစ်လာတော့မယ့် မင်းသမီးချောလေးသဉ္ဇာနွယ်ဝင်းအတွက် ဂုဏ်ပြုစကားလေးတွေ ပြောခဲ့ပါဦးနော်…

 

Source_MC

(ပိုပိုလေး)


15 May 2019     1,340 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS