BEC-TERO TV

စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်ကြီးအတွက် သိန်းရာချီလှူဒါန်းခဲ့တဲ့ နန္ဒာလှိုင်တို့မိသားစု

15 May 2019     1,412 Views


တစ်ချိန်က ကြော်ငြာတွေ၊ သီချင်းဗီဒီယိုတွေနဲ့ ရုပ်ရှင်ကားကြီးတွေထဲမှာမပါမဖြစ် ရုပ်ရှင်လောကကို တစ်ခေတ်သိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသမီးချောနန္ဒာလှိုင်ကိုတော့ ပရိသတ်တိုင်းက အားပေးချစ်ခင်ခဲ့ရပြီး အနုပညာလောကထဲမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးအောင်မြင်ကျော်ကြားခဲ့တဲ့ ၀ါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ အပိုအလိုမရှိသဘာဝကျတဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့်ပင် ထိုခေတ်ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်ရပ်တည်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ ယခုထိတိုင်အားပေးချစ်ခင်နေဆဲဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အိမ်ထောင်ကျပြီးနောက် အနုပညာအလုပ်တွေကိုစွန့်လွှတ်လိုက်တဲ့ နန္ဒာလှိုင်ဟာဆိုရင် ချစ်စရာကောင်းတဲ့သမီးလေး (၃) ယောက်ကိုပိုင်ဆိုင်ထားပြီး သမီးလေးတွေနဲ့ မိသားစုအရေးကိုသာဦးစားပေးကာ မိခင်ကောင်းတစ်ယာက်၊ ဇနီးကောင်းတစ်ယောက်အဖြစ် အေးချမ်းသာယာတဲ့ဘ၀လေးမှာ ပျော်ရွှင်လို့နေပါတယ်။

ဒါ့အပြင် အလှူအတန်းဆိုရင်လည်း အလှူရေစက်လက်နဲ့မကွာတဲ့ နန္ဒာလှိုင်တို့မိသားစုကတော့ မကြာခဏဆိုသလို အလှူအတန်းတွေကိုပြုလုပ်တာကိုလည်း တွေ့ရပါတယ်။ ဘာသာတရားကိုင်းရှိုင်းသူတွေဖြစ်တာကြောင့် သာသနာရေးပိုင်းမှာ အမြဲတစေလှူဒါန်းမှုတွေပြုလုပ်လေ့ရှိတဲ့ နန္ဒာလှိုင်နဲ့ ဦးဇေသီဟကတော့ လတ်တလောမှာပင် စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်ကြီးအတွက် ရက်ရက်ရောရောလှူဒါန်းမှု ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှာရှိတဲ့ သာသနာ့သမိုင်းဝင်တဲ့ ထိုကျောင်းတော်ကြီးရဲ့ စေတီတော်ကြီး ရွှေရောင်စတီးသင်္ကန်းကပ်လှူဖို့အတွက် အလှူငွေအဖြစ် ကျပ်သိန်း (၅၀၀) ရာကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်နန္ဒာလှိုင်တို့မိသားစုရဲ့ သဒ္ဒါထက်သန်တဲ့လှူဒါန်းမှုလေးကို အများသူငါ ကြည်နူးပီတိဖြစ်ကာ သာဓုခေါ်ဆိုနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။

 

 

(ပိုပိုလေး)


15 May 2019     1,412 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment