BEC-TERO TV

ကိုယ်ဝန်ဆောင်သည်တွေ ဒူးရင်သီးစားလို့ ဖြစ်ပါ့မလား..?

16 May 2019     6,172 Views


ဒူးရင်းသီး ရာသီဖြစ်လို့ ဒူးရင်းသီးကြိုက်သူ ကိုယ်ဝန်ဆောင်တွေအတွက်တော့ ချဉ်ခြင်းတက်တယ်ဆိုပြီး အားရပါးရစားဖို့ အခွင့်အရေးကောင်း တစ်ခုပါပဲ။ အသီးမှာ ဘုရင်လို့ တင်စားထားလောက်တဲ့ ဒူးရင်းသီးမှာ အဟာရဓာတ်တွေ များပြားစွာပါဝင်တာ မှန်သော်လည်း ကိုယ်ဝန်ဆောင်ထားချိန်မှာ ဒူရင်းသီး စားသင့်ရဲ့လားလို့ မေးစရာ ရှိနေပါတယ်။
 
>>Read More ကို နှိပ်ပါ<<
 
အဟာရပြည့်ဝစွာ ပါတယ်ဆိုပေမယ့် ဒူးရင်းသီးဟာ ကိုယ်ဝန်ဆောင်တွေအတွက် အထူးကောင်းမွန်တဲ့ အစားအစာအနေနဲ့တော့ ခိုင်လုံတဲ့ သက်သေမပြနိုင်သေးပါဘူး” လို့ စင်ကာပူနိုင်ငံ Mount Alvernia Medical Centre ဆေးရုံ မီးယပ်သားဖွားဌါနမှ မျိုးဗီဇဆိုင်ရာ အကြံပေးဆရာဝန် ဒေါက်တာ ဂိုရှန်းလီ က ပြောကြားခဲ့ပါတယ်။
 
ဒူးရင်းသီမှာ သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ် အလွန်မြင့်မားစွာ ပါရှိပါတယ်။ အလယ်အလတ်အရွယ် ဒူရင်းသီး ၅ မွှာမှာ ကယ်လိုရီ ၁၆၀ ခန့် ပါဝင်တဲ့အတွက် ကိုကာကိုလာအချိုရည် (၃၃၀ မီလီဗူး) မှာ ပါဝင်တဲ့ ပမာဏာဖြစ်တဲ့ ကယ်လိုရီ ၁၄၀ ကို ကျော်နေတာတွေ့ရပါတယ်။
 
ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုဖြစ်နိုင်ချေရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ ဒူးရင်းသီးကို ရှောင်ကျဉ်သင့်တယ်ပါတယ်။
ဒူးရင်းသီးဟာ ကယ်လိုရီမြင့်မားတာကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ ခန္ဓာကိုယ်အလေးချိန် သေးကွေးတဲ့ ဗိုက်ထဲက ကလေးအတွက်  အလေးချိန်တိုးဖို့ ကူညီပေးနိုင်သလို အချင်း၊ ချက်ကြိုးတို့အတွက်လည်း ပြသနာမဖြစ်စေပါဘူး၊ ဒါကြောင့် ဒူရင်းသီး စားမယ်ဆိုရင် ဆရာဝန်နဲ့တော့ ဦးစွာတိုင်ပင်သင့်ပါတယ်။
 
ကာဗိုဟိုက်ဒရိတ် မြင်းမားတဲ့ အစားအသောက်တွေကို စားတာအပြင် ပရိုတိန်း(အသားဓာတ်) ပါတဲ့ အစားအစာတွေဖြစ်တဲ့ ဥ၊ အသား စတာတွေကိုလည်း စားဖို့ အရေးကြီးပါတယ်။
 
ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အလေးချိန်တိုးမှုဟာ ၁၂ ကီလိုနဲ့ ၁၆ ကီလိုကြားမှာသာ ရှိသင့်တယ်လို့ ဒေါက်တာ ဂိုရှန်းလီ က အကြံပြုထားပါတယ်။ အမျိုးသမီးတွေဟာ ကိုယ်ဝန်စဆောင်စဉ် ရက်သတ္တပတ် ၂၀ လောက်မှာ ကိုယ်အလေးချိန် ၂ ကီလိုကနေ ၃ ကီလိုလောက်သာ တက်ပြီး ကိုယ်ဝန်ဆောင်ကာလရဲ့ ဒုတိယပိုင်း အလယ်လောက်မှာ ကိုယ်အလေးချိန် သိသိသာသာ တိုးလာတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံးမှာ ဒူးရင်းသီးကို နှစ်လုံး မစားရဘူးဆိုတဲ့ အယူအဆဟာ ခေတ်နောက်ကျတဲ့ အယူအဆသာဖြစ်ကြောင်း ဒေါက်တာ ဂိုရှန်းလီ က ပြောကြားခဲ့ပါတယ်။
 
အချုပ်အားဖြင့် ကိုယ်ဝန်ဆာင် အမျိုးသမီးတွေ ဒူရင်းသီး စားတော့မယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာတာက ပို၍ ဘေးကင်းမှာဖြစ်ပါတယ်။

16 May 2019     6,172 Views




RELATED

Most Popular of Health Fix

Most Popular of NEWS