BEC-TERO TV

အရုပ်ကောက်စက်ထဲက သနားစရာခွေးလေးတွေ (ရုပ်သံ)

20 May 2019     1,615 Views


စျေးဝယ်စင်တာတွေ၊ ကစားကွင်းတွေမှာ ရှိတတ်တဲ့ အရုပ်ကောက်စက်တွေကို ကလေးတွေသာ ကစားကြတာမဟုတ်ပဲ လူငယ်တွေ၊ အထူးသဖြင့် စုံတွဲတွေလည်း စွဲစွဲမြဲမြဲလာကစားလေ့ ရှိပါတယ်။ 
 
စက်ထဲမှာ ထည့်ထားတဲ့ အရုပ်တွေဟာ တန်ဖိုးကြီး ဒါမှမဟုတ် ချစ်စရာကောင်းမှသာ လူတွေကို ကစားချင်အောင် ဆွဲဆောင်နိုင်တာကြောင့် စီးပွားရေးသမားတွေက အရုပ်ကောက်စက်တွေထဲမှာ ပစ္စည်းမျိုးစုံ ထည်းထားပြီး ဆွဲဆောင်နိုင်အောင် ဖန်တီးကြပါတယ်။ ဒါပေမယ့် အခုဖန်တီးလိုက်တဲ့ ဆွဲဆောင်မှုအသစ်ကတော့ လက်ခံချင်စရာမရှိပါဘူး။
 
 
မေလ ၉ ရက်နေ့က လူမှုကွန်ယက်တွစ်တာပေါ်မှာ အကောင့်ပိုင်ရှင် DanBiologist တင်လိုက်တဲ့ အရုပ်ကောက်စက်တစ်လုံးရဲ့ ရုပ်သံကြောင့် အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ ရုပ်သံမှာတော့ ခွေးသားပေါက်လေးတွေကို ပုံးသေးသေးလေးတွေနဲ့ အရုပ်ကောက်စက်ထဲမှာ အခြားအရုပ်တွေနဲ့အတူ ရောထားတာကိုတွေ့ရပါတယ်။ 
 
အရုပ်ကောက်သူက ညှပ်မောင်းတံနဲ့ ခွေးလေးတွေရအောင် လိုက်ဆွဲနေတာကိုတွေ့ခဲ့ရပါတယ်။ ဒီစက်ဟာ ဂျပန်နိုင်ငံမှာ ရှိတဲ့ အရုပ်ကောက်စက်လို့ ရုပ်သံတင်သူက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် တွစ်တာအသုံးပြုသူတစ်ဦးကတော့ ဒါဟာတရုပ်နိုင်ငံမှာ ဖြစ်နိုင်ကြောင်း၊ စက်မှာရေးထားတဲ့ “ကျေးဇူးပြုပြီး အိမ်ကိုခေါ်သွားပါ” ဆိုတဲ့ စာတန်းဟာ တရုပ်လို ရေးထားတယ်လို့ ထောက်ပြခဲ့ပါတယ်။
 
 
ရုပ်သံမှာ ခွေးလေး ၁၀ ကောင်ကို နေရာကျဉ်းကျဉ်းကြပ်ကြပ်ထဲမှာ ထည့်ထားတာကို တွေ့ရပါတယ်။ သတ္တဝါအရှင်လေးတွေကို လူတွေပျော်ဖို့၊ စီးပွားရှာဖို့အတွက် အခုလို မရက်စက်သင့်ဘူးလို့ ဝေဖန်နေကြပါတယ်။

20 May 2019     1,615 Views




RELATED

Most Popular of Special or Others

Most Popular of NEWS