BEC-TERO TV

ပေါ့ဘာ ရီးရဲလ်ကို ပြောင်းလာချင်ရင် သူကို ကျော်နိုင်မှ ပွဲထွက်ခွင့်ရမယ်လို့ တိုနီခရူး စိန်ခေါ်

21 May 2019     1,609 Views


ရီးရဲလ်မဒရစ်ကွင်းလယ်လူ တိုနီခရူးက ပေါ့ဘာအနေနဲ့ ပုံမှန်ပွဲထွက်ခွင့် ရချင်ပါက သူကိုကျော်ဖို့လိုအပ်ပြီး မက်ဒရစ်မှာ ပွဲထွက်ခွင့်ရဖို့ လွယ်ကူမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ မန်ယူကွင်းလယ်လူ ပေါ့ဘာဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွေ့ ဖို့အတွက် သတင်းတွေ ထွက်နေသူ ဖြစ်ပြီး မကြာသေးမှီက မှ စာချုပ်သက်တမ်းတိုးထားတဲ့ တိုနီခရူးက သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

ကစားသမားကောင်းတွေအများအပြား ရှိနေတဲ့ ရီးရဲလ်မှာ ပွဲထွက်ခွင့်ရဖို့ဆိုရင် ပေါ့ဘာအနေနဲ့ ယခုထက်ပိုကြိုစားဖို့လိုပြီး ခရူကတော့ “ပေါ့ဘာ စပိန်ကို ပြောင်းရွေ့ လာမယ်ဆိုလည်း မတုန်လှုပ်ပါဘူး ၊ သူ ကျွန်တော်ကို ကျော်နိုင်မှ ပွဲထွက်ခွင့်ရမှာပါ” ဆိုပါတယ်။

ဒီနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရော်နယ်ဒို ထွက်သွားပြီးနောက် အကျပိုင်းသို့ရောက်ရှိခဲ့ပြီး ချန်ပီယံလိဂ်မှာ ကွာတားအဆင်နဲ့ ပြုတ်ခဲ့ပြီး လာလီဂါမှာလည်း အဆင့် ၃ နေရာမှာသာရပ်တည်နိုင်ခဲ့ပါတယ်။ ဒါကြောင့် နည်းပြ ဇီဒန်းဟာ နောက်နှစ်မှာ အသင်းကို ပြန်လည်တည်ဆောင်ဖို့အတွက်  ပေါ့ဘာ ၊ ဟာဇတ် တို့လို့ ကစားသမားကောင်းတွေ ကိုခေါ်ယူဖို့ ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။

 


21 May 2019     1,609 Views




RELATED

Most Popular of Football

Most Popular of Sport