BEC-TERO TV

ဆရာဟောင်း မော်ရင်ဟိုနဲ့ ဂျူဗင်တပ်စ် အသင်းမှာ ပြန်လည်လက်တွဲဖို့ ဆန္ဒရှိနေတဲ့ စီရော်နယ်ဒို

21 May 2019     1,315 Views


ဂျူဗင်တပ်စ် တိုက်စစ်မှူးရော်နယ်ဒိုဟာ မော်ရင်ဟိုကို နည်းပြသစ်အဖြစ်နဲ့ ခန့်အပ်ဖို့အသင်း တာဝန်ရှိသူတွေကို အကြံပြုခဲ့တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်အသင်းဟာ ယခုရာသီကုန်မှာ လက်ရှိနည်းပြ အယ်လီဂရီနှင့် လမ်းခွဲတော့မည်ဖြစ်ပြီး နည်းပြသစ် ရှာဖွေနေပြီး စီရော်နယ်လ်ဒိုက မော်ရင်ဟိုကို အကြံပြုခဲ့ခြင်းဖြစ်ပါတယ်။

စီရော်နယ်ဒိုနဲ မော်ရင်ဟိုတို့ဟာ ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်မှာ အတူလက်တွဲခဲ့ဖူးပြီး နောက်ပိုင်းမှာ သူတို့နှစ်ယောက် ပြသာနာတွေတတ်ခဲ့ဖူးပါတယ်။ သို့ပေမယ် အတိတ်က ပြသာနာတွေကို နောက်ထားပြီး ရော်နယ်ဒိုက မော်ရင်ဟို နဲ့ ပြန်လည်လက်တွဲချင်နေပုံရပါတယ်။

Read More ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုပါ>

ဂျူဗင်တပ်စ်အသင်းဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းများမှ နည်းပြများကို ပစ်မှတ်ထားသော်လည်း ဂါဒီယိုလာနဲ့ ကလော့ တို့က ငြင်းဆန်ခဲ့ကြပါတယ်။

အီတလီနေ့စဉ်ထုတ်အားကစားသတင်းစာ La Gazzetta dello Sport က မော်ရင်ဟိုအား ဂျူဗင်တပ်စ်နည်းပြအဖြစ် ထောက်ခံသူများထဲတွင် စီရော်နယ်လ်ဒိုအပြင် စူပါအေးဂျင့် ဂျော့ခ်ျမန်ဒက်စ်လည်း ပါဝင်လျက်ရှိပါတယ်။

လက်ရှိတွင် ဂျူဗင်တပ်စ်နည်းပြသစ်အဖြစ် လာဇီယိုနည်းပြ ဆီမြွန်နီအင်ဇာဂီက ထိပ်ဆုံးမှရေပန်းစားနေပြီး ဆာရီ၊ မီဟိုင်းလိုဗစ်ခ်ျစသည့် နည်းပြများလည်း ရေပန်းအစားဆုံးစာရင်းတွင် ပါဝင်နေပါတယ်။

အောင်မြင်မှုတွေ ကိုယ်စီရယူထားနိုင်တဲ့ ပေါ်တူဂီသား နှစ်ကြောင့် ပြန်လည်လက်တွဲပြီး အောင်မြင်မှုတွေ ရယူနိုင်မလားဆိုတာ စောင့်ကြည့်ကြရတာပေါ့…


21 May 2019     1,315 Views




RELATED

Most Popular of Football

Most Popular of Sport