BEC-TERO TV

သရက်ပင်ပေါ်က ပြုတ်ကျကာ ဝှေးစေ့ကို ကွန်ကရစ်သံချောင်း ဖောက်ဝင်

21 May 2019     1,715 Views


ထိုင်းနိုင်ငံ နာခွန်စီသမာရတ် စီရင်စုတွင် အမျိုးသားတစ်ဦး သရက်သီးတက်ခူးရာမှ သရက်ပင်ပေါ်ကပြုတ်ကျပြီး မြေပြင်ရှိ ကွန်ကရစ်သံချောင်းပေါ်ကျကာ ငယ်ပါ(ဝှေးစေ့)ကို ဖောက်ထွင်းစိုက်ဝင်မှု မနေ့က နေ့လည်းပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
 
‘ပီရန်ပေါင်း’ အမည်ရှိတဲ့ အမျိုးသားဟာ ဝေဒနာမချိမဆံ့ခံနေရပြီး သရက်ပင်အောက်မှာ လဲကျနေတာကိုတွေ့ရပါတယ်။ သူ့ရဲ့သူငယ်ချင်းတွေက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မလာခင်မှာ သူသတိလစ်မမေ့မြောသွးအောင် ဆားခဲကို အနံ့ရှုခိုင်းပြီး ပြုစုခဲ့ကြပါတယ်။
 
>>Read More ကိုနှိပ်ပြီးဖတ်ရှုပါ<<
 
ကယ်ဆယ်ရေးအဖွဲ့ရောက်လာပြီး သူကိုဆေးရုံပို့ဖို့အတွက် သံချောင်းကို သံဖြတ်စက်နဲ့ နားနားပြီး ဖြတ်ခဲ့ကြပါတယ်။ သံဖြတ်စက်ကြောင့် စိုက်ဝင်နေတဲ့ သံချောင်းရဲ့ တုန်ခါမှုဒဏ်ကို မခံနိုင်ပဲ သုံကြိမ်သုံးခါ တိုင်တိုင် သတိလစ်သွားခဲ့ပါတယ်။ 
 
 
နောက်ဆုံးမှာတော့ ဆေးရုံကို တင်ပို့နိုင်ခဲ့ပါတယ်။ ‘ပီရန်ပေါင်း’ ဟာ ငရုတ်သီးဆွတ်နေစဉ် သရက်ပင်ပေါ်က သရက်သီးကိုတွေ့ကာ တက်ခူးစဉ် ပြုတ်ကျပြီး သူ့ရဲ့ဝှေးစေ့ကို ကွန်ကရစ်သံချောင်း စိုက်ဝင်ခဲ့တာဖြစ်ကြောင်း သိရှိရသည်။
 
 

21 May 2019     1,715 Views




RELATED

Most Popular of Special or Others

Most Popular of NEWS