BEC-TERO TV

ဆိုးရှားလ်လက်ထက် မန်ယူအသင်းအတွက် ပထမဦးဆုံး ခေါ်ယူမှု ဖြစ်လာတဲ့ ဒန်နီယယ် ဂျိမ်းစ်

21 May 2019     1,363 Views


မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆွမ်းဆီးအသင်းမှ လူငယ်ကစားသမားလေး အသက် ၂၁ နှစ်အရွယ် ဒန်နီယယ် ဂျိမ်းစ် ကို ပေါင် (၁၅) သန်းနဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။ ဒီရာသီမှာ နည်းပြ ဆိုးရှားလ် လက်ထက် မန်ယူအသင်း အတွက် ပထမဦးဆုံး ခေါ်ယူမှုဖြစ်လာနိုင်ပြီး မကြာခင်မှာ အတည်ပြုကြေညာ သွားမှာ ဖြစ်တယ်လို့ Daily Mail ကဖော်ပြထားပါတယ်။

ဒန်နီယယ် ဂျိမ်းစ်ဟာ တာင်ပံနှစ်ဖက်စလုံးမှာ ကစားနိုငသလို ကွင်းလယ်မှာလည်း ကစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။ ဆွမ်းဆီးအသင်းမှာ (၃၈) ပွဲကစားထားပြီး (၅) ဂိုးသွင်း (၁၀) ကြိမ်ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒန်နီယယ်ဂျိမ်းစ်ကို အဲဗာတန်၊ နယူးကာဆယ် တို့ကလည်း စိတ်ဝင်စားခဲ့ပေမယ့်လည်း မန်ယူအသင်းက လက်ဦးမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒန်နီယယ်ဂျိမ်းစ်ဟာေ ဒါပေမယ့် ဆိုးလ်ရှားကတော့ သူ့အသင်းကို တောင်ပံတိုက်စစ်ကစားဟန်နဲ့ ပြန်လည်တည်ဆောက်ဖို့ ဆန္ဒပြင်းပြနေခဲ့ပြီး ဂျိမ်းစ်ကို တောင်ပံကစားသမားအဖြစ်နဲ့သာ အသုံးပြုသွားဖွယ်ရှိတယ်လို့လည်း Daily Mail က သုံးသပ်ရေးသားခဲ့ပါတယ်။

ဒီရာသီမှာ အပြောင်းအရွှေ့ အလှုပ်အခပ်တွေနဲ့ စိတ်ဝင်စားဖို့ကောင်းနေတဲ့ မန်ယူအသင်းအတွက် ပထမဦးဆုံး ခေါ်ယူမှုဖြစ်လာပြီး နှစ်ရှည်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ အသင်းကို လူငယ်ကစားသမာတွေနဲ့ ပြန်လည်တည်ဆောက်လိုတဲ့ ဆိုးရှားလ်အတွက် တောင်ပံကစားသမားလေး ဂျိမ်းစ်ဟာ ဘယ်လောက်အထိ အကျိုးပြုနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။


21 May 2019     1,363 Views




RELATED

Most Popular of Football

Most Popular of Sport