BEC-TERO TV

Running Man အဖွဲ့ဝင်တွေ ကြုံတွေ့ခဲ့ရတဲ့ ကျန်းမာရေးအခက်အခဲတွေအကြောင်း ပြောပြလာတဲ့ Ha Ha

24 May 2019     1,293 Views


တောင်ကိုးရီးယား နာမည်ကျော် တီဗွီရှိုးအစီအစဉ် Running Man မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Haha ဟာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က နာမည်ကျော် Youtuber နှစ်ဦးရဲ့ အစီအစဉ်မှာ သွားရောက်ပါဝင်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ကိုးရီးယားရိုးရာ အစားအသောက်များကို စားပြရတာဖြစ်ပြီး မည်သို့ အရသာရှိအောင် စားသုံးရမယ်ဆိုတာကိုလဲ အဆင့်ဆင့်ပြသထားပါတယ်။ တစ်ဖန် ဒီအစီအစဉ်မှာ အစားအသောက်နဲ့ ပတ်သတ်ပြီး Running man အဖွဲ့ဝင်တွေ အခက်အခဲရှိခဲ့ပုံကို Haha မှ ရင်ဖွင့်ပြောဆိုလာပါတယ်။ Running man အဖွဲ့ဝင်တွေ တီဗွီအစီအစဉ်က ကျွေးတဲ့ အစားအသောက်နဲ့ ပတ်သတ်ပြီး ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။ <<

နာမည်ကျော် Youtube channel Korean Englishman မှYoutuber နှစ်ယောက်ဟာ Haha ကို လတ်တလော ‘Running Man ရိုက်ကူးရေးဟာ ပျော်စရာကောင်းလား၊ အဆင်ပြောလား’ ဟုမေးမြန်းခဲ့ကြရာ “Running Man မှာပါရတာ ပျော်စရာကောင်းပေမဲ့ တခါတလေ အခက်အခဲတွေနဲ့ အများကြီးရင်ဆိုင်ကြုံတွေ့ရတာမျိုးတွေလဲ ရှိပါတယ်။ ဒါကို ပြောရမယ်ဆိုရင် ကျွန်တော့်ကို လူတွေ ရူးနေတယ်လို့ ထင်ကောင်းထင်လိမ့်မယ်” လို့ အစချီပြီးပြောလာပါတယ်။

တစ်ဖန် Running Man ရိုက်ကူးရေးမှာ ကျွေးတဲ့ အစားအသောက်တွေကို မစားနိုင်တာကြောင့် အဖွဲ့ဝင်တွေဟာ ရိုက်ကူးရေး ရှိတိုင်း အစာမစားပဲ အဆာခံနေကြကြောင်းကို “အစ်ကို Jong Kook ဆိုရင် မစားနိုင်လို့ လုံးဝမစားဘူး၊ အရင်က အစ်ကို Jae Suk ကသည်းခံပြီးစားသေးတယ် နောက်ပိုင်း သူလဲ မစားနိုင်တော့လို့ ထင်ပါတယ် မစားတော့ဘူး၊ ကွမ်ဆူးဆိုရင် ရိုက်ကူးရေးအပြီး အိမ်ပြန်သွားတဲ့အချိန် အိပ်ရာထဲမှာ အဆာလွန်ပြီးမေ့မြောနေလို့ သူ့မန်နေဂျာက ဆေးရုံတင်ပေးလိုက်ရတာမျိုးတွေတောင် ရှိတယ်” ဆိုပြီး ပြောကြားသွားပါတယ်။

“အမှန်အတိုင်းပြောရရင် အဖွဲ့ဝင်တိုင်းမှာ ကျန်းမာရေးအခက်အခဲတွေရှိကြပေမယ့် အချိန်ယူပြီး ကုသဖို့တောင် အချိန်မပေးနိုင်ခဲ့ဘူး။ ကျွန်တော်တို့ Running Man မှာအတူလက်တွဲလာတဲ ၁၀ နှစ်တောင်ရှိခဲ့ပြီပဲ။ ကျွန်တော်တို့ဟာ ရဲဘော်ရဲဘက်၊ သွေးသောက်ညီအစ်ကို တွေဖြစ်နေကြပါပြီ တစ်ခုခုအခက်အခဲရှိတိုင်း အတူကျော်ဖြတ်ကြမယ်၊ အတူလုပ်ဆောင်ကြမယ် ဆိုပြီး ဒီလိုမျိုး ဖြတ်သန်းလာခဲ့တာပါပဲ” ဟု ပြောသွားပါတယ်။

Haha ပြောသွားတဲ့ စကားတွေအရ Running Man အဖွဲ့ဝင်တွေဟာ တစ်ဦးအပေါ်တစ်ဦး သံယောဇဉ်ကြီးမားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ Haha တစ်ယောက် ဘယ်လို ရင်ဖွင့်သွားတယ်ဆိုတာ အောက်ပါဗွီဒီယိုမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။

(ပိုပိုလေး)

 


24 May 2019     1,293 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS