BEC-TERO TV

အမူးလွန်နေချိန် အရင်းကနေ ဖြတ်ခံလိုက်ရတဲ့ အမျိုးသား (ရုပ်သံ)

24 May 2019     4,369 Views


တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ အရက်ပြင်းကို အလွန်အကျွံသောက်ခဲ့ပြီးနောက် အမူးလွန်ကာ အိပ်ပျော်သွားခဲ့ပါတယ်။ နောက်တစ်နေ့ နံနက် သူပြန်နိုးလာတဲ့အချိန်မှာတော့ သူ့ရဲ့ အမျိုးသားတန်ဆာ လိင်တံ ဖြတ်ခံထားရပြီး ပျောက်ဆုံးနေတာကို ထိတ်လန့်တကြားနဲ့ တွေ့လိုက်ရပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဖတ်ရှုပါ<<
 
မနက်နိုးလာတဲ့အချိန်မှာ အောက်ပိုင်းက နာကျင်နေတာကြောင့် ကြည့်လိုက်တဲ့အချိန်မှာ သွေးတွေထွက်နေပြီး လိင်တံနေရာမှာ တုံးတိကြီးဖြစ်နေတာတွေ့လိုက်ရပါတယ်။ ဒီအဖြစ်ပျက်ကြောင့် သူ့ရဲ့မိသားစုဝင်တွေက ဆေးရုံကို အရေးပေါ် တင်ပို့ခဲ့ရပါတယ်။ ဆရာဝန်တွေက ၁၅ နာရီကြာ ပြန်လည်ချုပ်ပြီး ကုသခဲ့ရပေမယ့် ဘဝဆုံးခါနီး ဖြစ်ခဲ့ပါတယ်။
 
အဆိုပါဖြစ်စဉ်ဟာ ယခုလအစောပိုင်းက တရုတ်နိုင်ငံ ဟူနန်ပြည်နယ်က ဟွိုင်းဟွာမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တရုတ်ပြည်တွင်းသတင်းမှာ ဖော်ပြချက်အရ မေလ ၇ ရက်နေ့က အသက် ၄၄ နှစ်အရွယ် မစ္စတာတန် ဆိုတဲ့ အမျိုးသားက အယ်လ်ကိုဟော ၄၅% ပါတဲ့ (ဘေဂျူး)တရုတ်ဆန်အရက်ကို အမူးသောက်ခဲ့ပါတယ်။ အဲဒီနောက်မူးပြီး လဲကျသွားခဲ့ပါတယ်။ သူမူးပြီးနောက်ပိုင်း ဘာဆက်ဖြစ်လဲဆိုတာ သူမသိတော့ပဲ နောက်တစ်နေ့မနက်ကျမှ အောက်ပိုင်း နာကျင်တဲ့ဝေဒနာနဲ့အတူ နိုးလာခဲ့ပါတယ်။
 
 
တစ်ယောက်ယောက်က သူ့ရဲ့ လိင်တံကို အရင်းကနေ လက်မဝက်လောက်သာ ချန်ပြီး ဖြတ်ယူသွားခဲ့တာပါ။ နယ်မြိုမှာရှိတဲ့ ဆေးရုံက ကြိုးစားပြီး ပြန်ချုပ်ပေးပေးမယ့် သူတို့လည်း မနိုင်တော့တာကြောင့် ၈ နာရီအကြာမှာ ချန်ရှားမြို့က ဆေးရုံကြီးကို လွဲပြောင်းလိုက်ရပါတယ်။ အဲဒီဆေးရုံကြီးမှာ နောက်ထပ် ၇ နာရီကြာအောင် ထပ်ပြီးချုပ်ပေးခဲ့ရပါတယ်။
 
 
ခွဲစိတ်ဆရာဝန်တွေဟာ ဆီးလမ်းကြောင်းတွေ၊ တစ်ရှုးတွေကိုလည်း ခက်ခက်ခဲခဲ ခွဲစိတ်ပြုပြင်ခဲ့ရပါတယ်။ တစ်ပတ်လောက်အကြာမှာတော့ အနာရဲ့အခြေအနေက တိုးတက်ကောင်းမွန်ကြောင်း ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။
 
 
နောက်ထပ်နှစ်ပတ် သုံးပတ်ဆိုရင် ကိုယ်တိုင်ဆီးသွားနိုင်မယ်လို့ ဆိုပါတယ်။ ဒီအဖြစ်ပျက်ကို ရဲတိုင်ကြားခြင်းမရှိသလို မစ္စတာတန်ကိုယ်တိုင်က ရှက်တတ်သူဖြစ်လို့ သူ့ရဲ့ညီကိုတောင် ပြည့်ပြည့်စုံစုံ မပြောပြတဲ့အတွက် သူ့ရဲ့ လိင်တံကို ဘယ်သူဖြတ်သွားသလဲဆိုတာ စုံစမ်းဖို့ ခက်နေပါတယ်။ နဂိုအတိုင်း ယောက်ျားဘဝပြန်ရဖို့ကိုတော့ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ အများကြီး လုပ်ရဦးမှာဖြစ်ကြောင်း သိရှိရသည်။ 
 
 

24 May 2019     4,369 Views




RELATED

Most Popular of Special or Others

Most Popular of NEWS