BEC-TERO TV

စင်ကာပူမှာ နာမည်ရလာတဲ့ မြန်မာချဉ်ဖတ်များ (ရုပ်သံ)

27 May 2019     1,294 Views


ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေ စတဲ့အချက်တွေပေါ်မှာ အခြေခံပြီး မြန်မာလူငယ်တွေ နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ခေတ်က မကုန်ဆုံးနိုင်သေးပါဘူး။ မြန်မာအများစုသွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ စင်ကာပူလည်း ပါဝင်ပါတယ်။
 
နိုင်ငံကို တိုးတက်သည်ထက် တိုးတက်အောင် တည်ဆောက်နေတဲ့ စင်ကာပူနိုင်ငံမှာ လုပ်သားလိုအပ်ချက်တွေကလည်း အမြဲရှိနေပါတယ်။ အာဆီယံနိုင်ငံတွေအချင်းခြင်း ဗီဇာ ကြိုတင်လျှောက်ရန်မလိုပဲ ဝင်ရောက်ခွင့်ပြုလိုက်ပြီးနောက်ပိုင်းမှာ စင်ကာပူဟာ မြန်မာနိုင်ငံသားတွေအတွက် သွားရောက် အလုပ်လုပ်ကိုင်ဖို့ ပိုပြီးလွယ်ကူလာခဲ့ပါတယ်။
 
>>Read More ကိုနှိပ်ပြီး ဖတ်ရှုပါ<<
 
စင်ကာပူနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ အသန့်ရှင်းဆုံးနိုင်ငံအဖြစ် နာမည်တစ်လုံးနဲ့ ရပ်တည်ခဲ့ပေမယ့် မြန်မာအပါအဝင် နိုင်ငံခြားသား လုပ်သားများ အလုံးအရင်းနဲ့ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်းမှာ သူတို့တွေရဲ့ စရိုက်ပေါင်းစုံကစင်ကာပူ နိုင်ငံထဲကိုပါ သယ်ယူလာတာကြောင့် အာဏာပိုင်တွေက စည်းကမ်းပိုင်းဆိုင်ရာ တင်းကြပ်မှုတွေ ပညာသားပါပါ ခွဲခြားဆက်ဆံမှုတွေ ရှိလာခဲ့ပါတယ်။
 
စင်ကာပူနိုင်ငံရဲ့ မြို့လည်ကောင် အထင်ကရနေရာမှာရှိတဲ့ ပင်နီဆူလာပလာဇာဟာ ရွှေမြန်မာတို့ရဲ့ ဘုမိနက်သန် ဆုံချက်အဖြစ် ရပ်တည်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ မြန်မာအစားအစာက စပြီး ငွေလွှဲလုပ်ငန်းတွေ၊ အလုပ်အကိုင်အေးဂျင့်တွေလည်း ရှိတဲ့ပလာဇာကြီးဖြစ်လို့ စင်ကာပူရောက်တဲ့ မြန်မာမှန်သမျှ ပင်နီဆူလာပလာဇာ မရောက်ဖူးသူ မရှိပါဘူး။
 
လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်ကျင်ခန့်က ဆိုရင် စင်ကာပူနိုင်ငံကို အလုပ်လာလုပ်ဖို့ အတားအဆီးအခက်အခဲတွေ များတာကြောင့် ရောက်လာတဲ့ မြန်မာတွေကလည်း စင်ကာပူရဲ့ ဥပဒေတွေကို လေးစားလိုက်နာပြီး မြန်မာနိုင်ငံရဲ့ဂုဏ်ကို ထိန်းသိမ်းခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာတော့ အနိမ့်ဆုံး အလုပ်လုပ်ကိုင်ခွင့် Work Permit နဲ့ ဝင်ရောက်လာသူများလာပြီး မြန်မာနိုင်ငံမှာ နေထိုင်လုပ်ကိုင်ခဲ့တဲ့ စည်းကမ်းမဲ့ စရိုက်တွေကို မဖျောက်နိုင်ပဲ ဆက်လုပ်နေခဲ့တာကြောင့် မကြာခဏဆိုသလို ပြသနာဖြစ်တာ၊ နိုင်ငံသားတွေရဲ့ အထင်မြင်သေးခံရတာတွေ ရှိလာခဲ့ပါတယ်။ အရင်က မြန်မာတွေဟာ အလုပ်ကြိုးစားတယ်၊ ကျိုးနွံတယ်၊ ဇွဲရှိတယ်ဆိုတဲ့ မှတ်ချက်တွေ စင်ကာပူနိုင်ငံမှာ လုံးပါးပါးနေခဲ့ပါပြီ။
 
ယခုဆောင်းပါးနဲ့ ပါရှိတဲ့ ရုပ်သံဖိုင်မှာဆိုရင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပင်နီဆူလာပလာဇာ ဘေးရှိ လူသွားစင်္ကြန်လမ်းပေါ်မှာ အုပ်စုလေးတွေ ဖွဲ့ပြီး ပျော်ပွဲစားထွက်သလို အရက်ထိုင်သောက်ကြရင်းက မူပြီး အချင်းချင်း စနောက်ရာကနေ စကားများရန်ဖြစ်ခဲ့ကြပါတယ်။ ရဲကား၊ လူနာတင်ကားတွေနဲ့ ရောက်လာပြီး စစ်ဆေးမေးမြန်း ထိန်းသိမ်းတာကို အရုပ်ဆိုး အကျည်းတန်စွာ တွေ့ခဲ့ရပါတယ်။
 
 
နောက်ထပ် ပညာသားပါပါ ခွဲခြားဆက်ဆံမှုတစ်ခုကတော့ ပင်နီဆူလာပလာဇာရဲ့ ဘေး၊ City Hall MRT ရဲ့ ရှေ့တည့်တည့်က အသစ်တည်ဆောက်ထားတဲ့ ရှော့ပင်းမောလ်ရဲ့ ပရဝဏ်က ခုံတန်းလျားတွေကို တနင်္ဂနွေနေ့မှာ ထိုင်ခွင့်မပြုပဲ ပိတ်ပင်ထားတာကို တွေ့ရပါတယ်။ ဒါဟာ တနင်္ဂနွေနေ့ဆိုရင် ပင်နီဆူလာပလာဇာကို လာကြတဲ့ မြန်မာတွေက ဒီခုံတန်းတွေမှာ နေရာယူကာ မြို့တော်ရဲ့ ပုံရိပ်နဲ့ မကိုက်ညီတဲ့ အပြုမူတွေ ပြုတတ်ကြတဲ့အတွက် ပိတ်ထားခြင်းဖြစ်နိုင်ကြောင်း စင်ကာပူနိုင်ငံ မြန်မာအသိုင်းအဝိုင်းထံကနေ စိတ်မကောင်းဖွယ် မှတ်ချက်ပေးတာကို သိခဲ့ရပါတယ်။
 
အခြားနေ့ မြင်ကွင်း
 
တနင်္ဂနွေနေ့
 
တစ်ကမ္ဘာလုံးက လေးစားချစ်ခင်ရတဲ့ လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် အလုံးစုံရောက်အောင် ကြိုးစားပုံဖော်နေချိန်မှာ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအချို့ရဲ့ လုပ်ရပ်တွေက ‘ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်’ ဆိုသလို နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိခိုက်ညိုးနွမ်းစေတာကြောင့် မြန်မာဆိုတာ နိုင်ငံတစ်ကာရဲ့ အမြင်မှာ ချဉ်ဖတ် မဖြစ်အောင် ပြုမူနေထိုင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။ လောလောဆယ်မှာတော့ စင်ကာပူနိုင်ငံသားများအကြား မြန်မာလူ့ချဉ်ဖတ်နံ့တွေကို နှာခေါင်းရှုံ့စ ပြုလာနေပါကြောင်း...။
 
ရုပ်သံ - SoeThu
 

27 May 2019     1,294 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS