BEC-TERO TV

ဟွားဝေ(Huawei) ကို မဟာဗျူဟာ စီပွားဖက်အဖြစ် မြန်မာက ဆက်လက်လက်တွဲမည်

29 May 2019     1,238 Views


အမေရိကန်နိုင်ငံက အမည်ပျက်စာရင်းသွင်းခံထားရသော တရုတ် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီကြီး ဟွားဝေကို မြန်မာနိုင်ငံအနေနဲ့ မဟာဗျူဟာ စီးပွားဖက်အဖြစ် ဆက်လက် လက်တွဲသွားမယ်လို့ မေလ ၂၄ ရက် သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဂျစ်တယ်နည်းပညာဆိုင်ရာ ထိပ်သီးစည်းဝေးပွဲ Myanmar Indoor Coverage Digitalization Summit 2019 မှာ ပြောကြားခဲ့ပါတယ်။
 
အဆိုပါအစည်းဝေးပွဲတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီဌါန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင် က မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ယက် ဖွဲ့ဖြိုးတိုးတက်တည်ငြိမ်မှုအတွက် ဟွာဝေးအနေနဲ့ ဝန်ဆောင်မှုနဲ့ အခက်ခဲဖြေရှင်းမှုတွေ လုပ်ပေးနိုင်မှာဖြစ်လို့ ‘မဟာဗျူဟာ စီးပွားဖက်(strategic partner)’ အနေနဲ့ လက်တွဲသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
“မြန်မာနိုင်ငံရဲ့ အနာဂါတ် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုက်တက်ဖို့အတွက် ကွန်ယက်တွေဖြန့်ကျက် တည်ဆောက်ရာမှာ ဟွာဝေးကို ကျွန်တော်တို့ ကြိုဆိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
 
“အထောက်အကူပြုပစ္စည်းတွေ တင်သွင်းသူတွေအနေနဲ့လည်း လက်ရှိမြန်မာနိုင်ငံက ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့အညီ လုပ်ဆောင်ရမှာဖြစ်ပြီး စျေးကွက်ယှဉ်ပြိုင်မှုမှာ ညီညီမျှမျှဖြစ်စေဖို့ ဘယ်သူ့ကိုမှ တာဆီးပိတ်ပင်တာမျိုး မလုပ်ပါဘူး” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
 
မြန်မာနိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ ကွန်ယက်လုံခြုံရေးနဲ့ ပက်သက်တဲ့ ဥပဒေတွေကို ရေးဆွဲဖို့ ကြိုးပမ်းလုပ်ဆောင်နေကြာင်းလည်း ပြောကြားခဲ့ပါတယ်။
 
လူမှု့ပတ်ဝန်းကျင်အတွက် သက်တောင့်သက်သာနဲ့ ဆက်သွယ်ရေးအတွက် ကုန်ကျစရိတ်မများပဲ အကျိုးရှိနိုင်ဖို့ ရည်ရွယ်တာသလို မြန်မာနိုင်ငံရဲ့ စီးပွားရေးအတွက် လိုအပ်နေတဲ့ စမတ်အဆောက်အဦး တည်ဆောက်ရေး စတဲ့ ခရီးရှည်ကြီးမှာ အားလုံးကိုပါဝင်စေချင်တဲ့အတွက် ခွင့်ပြုတာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌါနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့် က ပြောကြားခဲ့ပါတယ်။
 
“ပူးပေါင်းပါဝင်လာကြသူတွေ ကိုယ်စီမှာ ကောင်းမွန်းတဲ့ တွေးအကြံတွေ ရှိမယ်လို့လည်း မျှော်လင့်ထားပါတယ်။ အဲဒါတွေအကုန် ပေါင်းစည်းပြီး ပိုမိုကောင်းမွန်တဲ့ အနာဂါတ်မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ စွမ်းအားအဖြစ် လက်တွဲအသုံးချသွားပါမယ်” လို့ ဆိုပါတယ်။
 
 
အမေရိကန်နိုင်ငံက အမည်ပျက်စာရင်းသွင်း ပိတ်ပင်ထားသော်ငြားလည်း မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်းတွေသာမက အစုရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားပါ အနာဂါတ်မှာ ပိုမိုဖွံ့ဖြိုးလာအောင် လုပ်ဆောင်သွားမယ်လို့ ဟွားဝေမြန်မာရဲ့ အကြီးအကဲဖြစ်တဲ့ Liman Zhang က ပြောကြားခဲ့ပါတယ်။
 
“အမေရိကန်တွေက ဟွားဝေ ကို ပြီးခဲ့တဲ့နှစ်ကစပြီး မျှတမှုမရှိတဲ့ စီးပွားရေးနည်းလမ်းတွေနဲ့ အခုချိန်ထိ တောက်လျှောက် တိုက်ခိုက်ခဲ့ပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ရဲ့ စားသုံးသူတွေ အထူးသဖြင့် မြန်မာနိုင်ငံက ဟွားဝေကို အခုချိန်ထိ ယုံကြည်အားပေးကြတဲ့သူတွေကို ပြောချင်ပါတယ်။ ဟွားဝေကို ယုံကြည်တာတင်မကပဲ ဟွားဝေရဲ့ နည်းပညာဝန်ဆောင်မှုတွေကိုလည်း သုံးစွဲပြီး ဆက်လက်အားပေးကူညီကြပါလို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
 
သတင်းကိုးကား - The Nation
ရုပ်သံ - Mizzima

 


29 May 2019     1,238 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS