BEC-TERO TV

လီဗာပူးလ်ကြယ်ပွင့် ကစားသမား တစ်ဦးကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် စိတ်ဝင်စား

04 Jun 2019     1,301 Views


လီဗာပူးလ်တိုက်စစ်မှူး ဆာလာကို ပေါင် သန်း (၁၈၀) ဖြင့် ခေါ်ယူရန် ရီးရဲလ်မက်ဒရစ် အသင်း စိတ်ဝင်စားနေတယ်လို့  သတင်းတွေထွက်ပေါ်နေပါတယ်။ ဥရောပထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဟာ အသင်းမှ လူစာရင်းကို အများအပြား အပြောင်းအလဲ ပြုလုပ်ဖို့ရှိနေပြီး လီဗာပူးလ် ကြယ်ပွင့်တိုက်စစ်မှူး ဆာလာအား ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဆာလာကို ပြီးခဲ့တဲ့ ရာသီက ခေါ်ယူဖို့  ကြိုးပမ်းခဲ့ပေမယ့် လီဗာပူးလ်အသင်းက စာချုပ်ကို ငြင်းပယ်ကာ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ ဆာလာကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူ ၊ ဘိုင်ယန်မြူးနစ် စတဲ့ ထိပ်သီးအသင်းကြီးတွေကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့သည့်ရာသီအစောပိုင်းက ဆာလာနှင့်ပတ်သက်ပြီး ရီးရဲလ်နည်းပြ ဇီဒန်းက '' သူဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါကို ရောမမှာရော အခု လီဗာပူးလ်မှာပါ သက်သေပြခဲ့ပါတယ်။ သူဟာ ငယ်ရွယ်သေးပြီး ဆက်လက်တိုးတက်နေတုန်းပါပဲ။ သူက ကျွန်တော် အမှန်တကယ် သဘောကျတဲ့ ကစားသမားတစ်ယောက်ပါ''လို့ ပြောကြားခဲ့တာကို Daily Mail က ဖော်ပြခဲ့ပါတယ်။

ဆာလာဟာ သူ၏အနာဂါတ်နဲ့ ပါက်သက်ပြီး မဖြေကြားနိုင်ဘူးလို့ ပြောကြားခဲ့ပြီး ရီးရဲလ်မက်ဒရစ်လို့ ဥရောပအသင်းကြီးက ကမ်းလှမ်းလာရင် ဆာလာ ငြင်းပယ်ဖို့ ခက်ခဲ့နိုင်တယ်လို့ စပိန်သတင်းစာတွေက သုံးသပ်ထားပါတယ်။

ဆာလာ ဟာ လီဗာပူးလ်အသင်းမှာ ထိပ်တန်းခြေစွမ်းတွေ ပြသနေနေပြီး ပရီးမီးယားလိဂ်မှာ ၂ နှစ်ဆက် ဂိုးသွင်းဘုရင်ဆု ကိုရရှိခဲ့ပါတယ်။ ထို့အပြင် လီဗာပူးလ်အသင်းနှင့်အတူ ချန်ပီယံလိဂ် ဖလားကြီးကို ကိုင်မြောက်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။


04 Jun 2019     1,301 Views




RELATED

Most Popular of Football

Most Popular of Sport