BEC-TERO TV

ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို စံချိန်တင်ရရှိခဲ့သည့် မက်ဆီ

28 Aug 2015     1,535 Views


ဘာစီလိုနာတိုက်စစ်မှူး (၂၀၁၄-၁၅)ဘောလုံးရာသီအတွက် ဥရောပဘောလုံးအဖွဲ့ချုပ် UEFA မှချီးမြင့်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တယ်လို့သိရပါတယ်။

(၂၀၁၄-၁၅) ဘောလုံးရာသီအတွက် ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆန်ကာတင်စာရင်းမှာ မက်ဆီ၊ စီရော်နယ်ဒိုနဲ့ ဆွာရက်တို့ပါဝင်ခဲ့ပြီး ဂျာနယ်လစ်များရဲ့မဲပေးမှုအရ မက်ဆီကရရှိခဲ့တာဖြစ်ပါတယ်၊ ဥရောပတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုဟာ ဂျာနယ်လစ်(၅၄)ဦးရဲ့မဲပေးမှုအရပေးအပ်တာဖြစ်ပါတယ်။ ဂျာနယ်လစ်တစ်ဦးအနေနဲ့ မဲ(၃)ခုပေးခွင့်ရှိပြီး ပထမမဲအတွက်(၅)မှတ်၊ ဒုတိယမဲအတွက် (၃)မှတ်နဲ့ တတိယမဲအတွက် (၁)မှတ်သတ်မှတ်ထားတာ ဖြစ်ပါတယ်။ မက်ဆီကတော့ ဥရောပတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုစတင်ချီးမြင့်တဲ့ (၂၀၁၀-၁၁)ဘောလုံးရာသီကလည်း ရရှိထားပြီး (၂)ကြိမ်ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မက်ဆီကတော့ပြီခဲ့တဲ့ဘောလုံးရာသီက ဘာစီလိုနာအသင်းနဲ့ဖလား(၃)လုံးရရှိရှာမှာ အဓိကနေရာကနေပါဝင်ခဲ့ပြီး ပြိုင်ပွဲစုံ(၅၈)ဂိုးသွင်းယူခဲ့ပြီး (၃၁)ကြိမ်အသင်းဖော်တွေကိုဂိုးရရှိအောင်ဖန်တီပေးခဲ့တာဖြစ်ပါတယ်။


28 Aug 2015     1,535 Views




RELATED

Most Popular of Special or Others

Most Popular of Sport