BEC-TERO TV

သရေရလဒ်သာထွက်ပေါ်ခဲ့တဲ့ မြန်မာယူ(၁၉)အသင်းနဲ့ တီမောအသင်းတို့ပွဲစဉ်

28 Aug 2015     1,436 Views


အာဆီယံယူ(၁၉)ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်အဖြစ် မြန်မာယူ(၁၉)အသင်းနဲ့ တီမောအသင်းတို့ပွဲစဉ်မှာတော့ တစ်ဖက်အသင်းတို့ပွဲစဉ်ကို သြဂုတ်လ(၂၇)ရက်နေ့က လာအိုနိုင်ငံဗီယန်ကျင်းမြို့ရှိ အမျိုးသားအားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီပွဲစဉ်မှာတော့မြန်မာယူ(၁၉)အသင်းအနေနဲ့ တီမော်အသင်းကို အချိန်ပိုမိနှစ်(၉၀)ကျော်မှရတဲ့ အောင်ဇင်ဖြိုးရဲ့သွင်းဂိုးနဲ့ သရေရလဒ်ထွက်ပေါ်နိုင်ခဲ့တာဖြစ်ပါတယ်။ တီမော်အသင်းအနေနဲ့ မြန်မာယူ(၁၉)အသင်းကို ပွဲစဉ်စတင်လို့ (၁)မိနစ်မှာပဲ သီးဆောင်ဂိုးသွင်းပြီး ပွဲစဉ်တောက်လျှောက်မြန်မာအသင်းအပေါ် ဖိအားပေးကစားနိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာယူ(၁၉)အသင်း နည်းပြချုပ်ဂတ်ဇီအနေနဲ့ကလည်း ကစားသမားတချို့ကစားပုံကို ဝေဖန်ခဲ့ပြီး ကစားသမားတချို့ဟာ ကွင်းထဲရောက်ရင်ကိုယ့်အကျီရင်ဘတ်မှာတပ်ထားတဲ့ အလံအတွက် အင်တိုက်အားတိုက်ကြိုးစားရမယ်ဆိုတာ မေ့သွားကြတယ်။ တီမောလို အားနည်းတဲ့အသင်းကိုတောင် ကျွန်တော်တို့အနိုင်မကစားနိုင်ခဲ့ကြပါဘူး။ ဒီနေ့ပွဲမှာ အားနည်းချက်တွေများစွာရှိခဲ့ပြီး ဒီပွဲမှာလည်းကံကောင်းလို့ သရေရလဒ်ထွက်ပေါ်ခဲ့တာပါလို့ နည်းပြဂတ်ဇီကပြောကြားခဲ့ပါတယ်။

 မြန်မာယူ(၁၉)အသင်းအနေနဲ့ ဒုတိယမြောက်ပွဲစဉ်အပြီးမှာတော့ အုပ်စုရဲ့အဆင့်(၂) နေရာမှာ ရမှတ်(၄)မှတ်နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့နောက်လာမယ့်ပွဲစဉ်ကိုတော့ သြဂုတ်လ(၂၉) ရက်နေ့ ညနေ(၆း၃၀) အချိန်မှာမလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။


28 Aug 2015     1,436 Views




RELATED

Most Popular of Special or Others

Most Popular of Sport